BEC-TERO TV

AFC Futsal Championship ပြိုင်ပွဲတွင် တရုတ်၊ အီရက်၊ အီရန်အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေသည့် မြန်မာ ဖူဆယ်အသင်း

14 Dec 2017     1,288 Views


တရုတ်တိုင်ပေက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် AFC Futsal Championship 2018 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုတွေပြုလုပ်ခဲ့ရာမှာ မြန်မာဖူဆယ်အသင်းက အုပ်စုတွင်းမှာ အအောင်မြင်ဆုံးနဲ့ လက်ရှိချန်ပီယံအီရန်၊ နာမည်ကြီးတရုတ်၊ အီရက်အသင်းတို့နဲ့ အုပ်စု(ဂ)မှာ တစ်အုပ်စုထဲကျရောက်ခဲ့ပါတယ်။မြန်မာဖူဆယ်အသင်းဟာ (၂၀၁၇)ခုနှစ် AFF Futsal Championship ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပြီး AFC Futsal Championship ပြိုင်ပွဲကို ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ယခုနှစ်အောက်တိုဘာလက ကျင်းပခဲ့တဲ့ AFF Futsal Championship ပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စုတွင်း မှာ ဗီယက်နမ်အသင်းရဲ့နောက် အုပ်စုဒုတိယနဲ့ ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။
 
 
ဆီးမီးဖိုင်နယ်မှာ ထိုင်း အသင်းကို (၈)ဂိုး၊(၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် တတိယလုပွဲမှာ ဗီယက်နမ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရကာ တတိ ယရရှိခဲ့ပါတယ်။ မြန်မာဖူဆယ်အသင်းဟာ (၂၀၁၇)ခုနှစ် AFC Futsal Championship ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ် ထိတက်ရောက်ခဲ့တဲ့အတွက် အစဉ်အလာကြီးမားတဲ့ AFC Futsal Championship ပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး နာမည်ကြီးအသင်းတွေနဲ့ တစ်အုပ်စုထဲကျရောက်နေပြီဖြစ်ပါတယ်။ (၂၀၁၈) AFC Futsal Championship ပြိုင်ပွဲဟာ (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ (၁၁)ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ဂ)ပွဲစဉ်တွေအဖြစ်ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ အီရန်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့မှာ အီရက်၊ ဖေဖော်ဝါရီလ (၆)ရက် နေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တရုတ်အသင်းတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ AFC Futsal Championship ပြိုင်ပွဲဟာ (၁၉၉၉)ခုနှစ်က စတင်ကျင်းပတာဖြစ်ပြီး ကျင်းပခဲ့တဲ့(၁၄)ကြိမ်မှာ အီရက် အသင်းက (၁၁)ကြိမ်ထိဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။
 
 
 

14 Dec 2017     1,288 Views




RELATED

Most Popular of Football

Most Popular of Sport