BEC-TERO TV

ဒိုင်ယာနာရဲ့ နောက်ဆုံးပြောခဲ့တဲ့စကားကို ဖွင့်ချလိုက်တဲ့ ကယ်ဆယ်ရေးသမားဟောင်း

14 Dec 2017     1,398 Views


နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးနောက် ဗြိတိန်မင်းသမီး ဒိုင်ယာနာ၏ ယာဉ်မတော်တဆမှုတွင် ဒိုင်ယာနာကို ကိုယ်တိုင်ကယ်တင်ခဲ့ရသော ပြင်သစ်မီးသတ်သမားတစ်ဦးက သူမပြောခဲ့တဲ့ နောက်ဆုံးစကားကို TheSun နဲ့ အင်တာဗျူးမှာ ဖွင့်ချပြောဆိုခဲ့ပါတယ်။


“Xavier Gourmelon” သည် ပြင်သစ်နိုင်ငံ မီးသတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် ၁၉၉၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပျက်ခဲ့သော ယာဉ်မတော်တစ်ဆမှုတစ်ခုကို သူ၏အဖွဲ့သား(၁၀)ဦးနဲ့အတူ သွားရောက် ကယ်တင်စဉ် မထင်မှတ်ပဲ ဗြိတိန်မင်းသမီး ဒိုင်ယာနာ၊ သူမ၏ ချစ်သူ ဒိုဒီအယ်ဖေး တို့၏ ယာဉ်တိုက်မှုဖြစ်နေခဲ့တာ နောက်မှသိခဲ့ရကြောင်း ပြန်ပြောင်းပြောဆိုခဲ့သည်။


ကျွန်တော်တို့ လုပ်နေကျအတိုင်းပဲ မတော်တဆမှုတစ်ခုမှာ ဘ်ာသူအသက်ရှင်ကျန်ခဲ့ဆိုတာ အရင်လိုက်ရှာပါတယ်

ကျွန်တော်တို့ရောက်သွားတော့ ကားရဲ့နောက်ပိုင်း ကြမ်းပြင်မှာ သူမ(ဒိုင်ယာနာ)က လှုပ်တယ်ဆိုရုံလေး လှုပ်နေတယ် ဒါဟာ သူမအသက်ရှင်နေသေးတယ်ဆိုတာ သိစေချင်တာလို့ထင်ပါတယ်။ အဲဒီအချိန်မှာ သူမက ‘အိုဘုရားရေ.. ဘာဖြစ်တာပါလိမ့်’ လို့ ပြောပါတယ်။ သူမရဲ့ ညာပခုံးမှာ ဒဏ်ရာအနည်းငယ်ရထားတာကလွဲရင် အခြားဘာမှကြီးကြီးမားမား ဖြစ်ထားတာမတွေ့ရဘူး။ သွေးထွက်နေတာမျိုးလည်း လုံးဝမရှိဘူး” ဟု သူက ဖြည်းဖြည်းခြင်း စဉ်းစားပြီးပြန်ပြောပါတယ်။

ဒိုင်ယာနာကို ကားအပျက်အဆီးတွေကြားက သယ်ထုတ်ခဲ့ပြီး အောက်ဆီဂျင်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် နှလုံးမောဖောက်လာပြီး အသက်ရှုရပ်သွားတာကြောင့် သူကိုယ်တိုင် နှလုံးပြန်ခုန်အောင် ရင်ဘတ်ကိုဖိပြီး ပြန်လုပ်ပေးခဲ့တဲ့အတွက် သူမအသက်ပြန်ရှုလာပါတယ်။ အဲဒီနောက်မှာ သူလုပ်ပေးနိုင်တာ အကုန်ပဲမို့ ဆေးအဖွဲ့ဆီအပ်လိုက်ပြီး လူနာတင်ကားနဲ့ ခေါ်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်တော့ ဒိုင်ယာနာ ဆေးရုံပေါ်မှာ သေဆုံးသွားကြောင်း သိလိုက်ရတဲ့အတွက် သူအတော်လေး စိတ်ပျက်မိသွားတယ်လို့ ဆိုပါတယ်။


ဒိုင်ယာနာဟာ အတွင်းဒဏ်ရာတွေနဲ့ အဲဒီနေ့နံနက် ၄ နာရီမှာ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့တယ်လို့ ကြောညာခဲ့ပါတယ်။ ယာဉ်မတော်တဆဖြစ်မှုမှာ ဒိုင်ယာနာရဲ့ချစ်သူ ဒိုဒီနဲ့ ယာဉ်မောင်းတို့ နေရာတွင်သေဆုံးခဲ့ပါတယ်။

ကျွန်တော် ကားဆီရောက်တဲ့အခါ ယာဉ်မောင်းက သေဆုံးနေပါပြီ ကျွန်တော်တို့ ဘာမှမလုပ်ပေးနိုင်တော့ပါဘူး၊ မစ္စတာ ဒိုဒီကတော့ ကားနောက်ပိုင်းမှာ အခြေနေလုံးဝမကောင်းတော့ပါဘူး၊ နှလုံးဖောက်နေပါပြီ၊ သူကို့ ကားအပြင်ဆွဲထုတ်နိုင်တဲ့အချိန်မှာ သေဆုံးနေပါပြီ” ဟု Gourmelon က ပြောပါတယ်။


အဆိုပါဖြစ်စဉ်မှာ တစ်ဦးတည်းအသက်ရှင်ကျန်နေခဲ့သူက ဒိုင်ယာနာရဲ့ သက်တော်စောင့် Trevor Rees-Jones ဖြစ်ပါတယ်။ “သက်တော်စောင့်ကတော့ သတိရှိသေးတယ်ဗျ၊ ဒါပေမယ့် မျက်နှာမှာ ပြင်ထန်တဲ့ ဒဏ်ရာတွေရထားတယ်၊ သူက မင်းသမီးဒိုင်ယာနာကို ဘယ်မှာလဲ၊ ဘယ်မှာလဲလို့ တစ်ချိန်လုံးမေးနေတယ်။ ဒါကြောင့် ကျွန်တော်က အားလုံးကို ကယ်ထားပြီးပါပြီ မင်းငြိမ်ငြိမ်လေးသာနေပါ ပြီးတော့ ကျန်တဲ့ကယ်ဆယ်ရေးသမားတွေက အင်္ဂလိပ်လို မတတ်ဘူးလို့ သူငြိမ်သွားအောင် ပြောလိုက်ရတယ်” ဟု ပြန်ပြောင်းပြောပြသည်။

ဒါဟာ နှစ် ၂၀ ကျော်ကြာမှ သူ့အနေနဲ့ ပထမဦးဆုံး ထုတ်ဖော်ပြောခဲ့တာဖြစ်ပြီး အဲဒီနေ့က အဖြစ်ပျက်ဟာ သူ့မျက်စိထဲအမြဲပြန်မြင်ယောင်နေတဲ့ အဖြစ်ပျက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ Gourmelon ဟာ  ၂၂ နှစ်ကြာ မီးသတ်အဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အခုဆိုရင် အလုပ်ထွက်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ ပြင်သစ်လေဆိပ် Brest Airport မှာ အရေးပေါ်ကယ်ဆယ်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။


14 Dec 2017     1,398 Views




RELATED

Most Popular of Special or Others

Most Popular of NEWS