BEC-TERO TV

တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ မွေးနေ့ကိတ်ခွဲမယ့် ၀ိုင်းစု

14 Dec 2017     1,249 Views


တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန် နဲ့ မန္တလေး မှာ မကြာခင်ပြုလုပ်တော့မယ့် ၀ိုင်းစုဟာ “ ဒီဇင်ဘာ ၂၄ ရက်မှာ သုဝဏ္ဍဘူမိ Event Park မှာ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမှာတော့ ဇန်န၀ါရီ ၁၆ မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ် ။ သီချင်းတွေကိုတော့ ဂါ ထဲက သီချင်းတွေရော မယ်သီတာ ထဲက သီချင်းတွေရော ရွေးချယ်ထားပါတယ် ။ သီချင်းတွေကို ပုံစံပြောင်းဆိုပြီး အပုဒ် ၃၀ ကျော်လောက်တော့ ဆိုပါမယ် ။ မွေးနေ့မှာ အခြား အလုပ်တွေလုပ်မယ်ဆိုရင် ပရိသတ်တွေနဲ့တိုက်ရိုက်ထိတွေ့ခွင့်ရှိမှာမဟုတ်ပါဘူး ။ အဲ့ဒါကြောင့်ပွဲလုပ်ဖြစ်သွားတာပါ ။ စင်ပေါ်မှာပဲ ကိတ်မုန့်ခွဲပြီး ပရိသတ်များကိုလည်း အမှတ်တရ လက်ဆောင်တွေ ပြန်ပေးသွားမှာပါ ။

ဂါ ကိုလည်း MTV ရိုက်နေပြီ ဖြစ်ပြီး ဇာတ်လမ်းပုံစံလေးတွေ ရိုက်ထားပါတယ် ။ သရုပ်ဆောင်လေးတွေလည်း တော်တော် စုံတယ် ကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါသေးတယ် ။ အပုဒ်ရေတော့ လျှော့ရိုက်ထားပါတယ် ၈ ပုဒ်လောက်ပဲ ရိုက်ထားပါတယ် ။ ကိုယ်တွေက ငွေမနိုင်လို့ မရိုက်ဖြစ်တာပါ  ။ တတ်နိုင်တဲ့ ပရိသတ်တွေကတော့ မာစတာ အခွေလေးတွေဝယ်ဖို့တောင်းဆိုချင်ပါတယ် ။

ပွဲအတွက်တော့ စိတ်တော့ ပူနေတယ် ။ တစ်ခုခုများမှားမလား ။ ကိုယ်တိုင်ပဲ နေမကောင်းဖြစ်မလား ။ စိုးရိမ်တာတွေတော့ တော်တော်များပါတယ် ။ အဲ့ဒါကြောင့်တကယ်လို့ အမှားတွေ ဘာတွေရှိခဲ့ ရင် ကြိုပြီးတောင်ပန်ချင်ပါတယ် ။ ဖျော်ဖြေပွဲကို တိုက်ရိုက်ထုတ်လွှင့်မှုတော့ လုပ်မှာမဟုတ်ပါဘူး” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit:democracy


14 Dec 2017     1,249 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment