BEC-TERO TV

စွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ ကာတွန်းကားလေး COCO

14 Dec 2017     2,083 Views


CoCo ဆိုတဲ့ ကာတွန်းဇာတ်ကားကို Pixar Animation Studio နှင့် Walt Disney Pictures တို့မှ ပူးပေါင်း ထုတ်လုပ်ထားပြီး၂၀၁၇ အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်ဆန် ဂီတဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရုပ်ရှင်ဒါရိုက်တာ လီ အန်ရစ်ခ်မှ စိတ်ကူးယဉ်ပုံဖော်ထားပြီး အကူဒါ ရိုက်တာ အန်ဒရယ် မိုလီနာမှ ပါဝင်ကူညီထားပါတယ်။

ဒီဇာတ်ကားလေးကတော့ Pixar ထုတ်လုပ်ရေးမှ ဖြန့်ချီထားတဲ့ ရုပ်ရှင်ကားထဲမှ အထူးခြားဆုံးဇာတ်ကား တစ်ကားဖြစ်ပါတယ်။ သူတို့ကုမ္ပဏီရဲ့ နောက်ဆုံးထွက်ဖြစ်တဲ့ ဒီဇာတ်ကားဟာ သူတို့ကို မတူညီတဲ့ ရှုထောက်ကနေမှ ကမ္ဘာသစ်ကို ပို့ပေး လိုက်သလိုပါပဲ။ လီ အန်ဒရစ်နဲ့ အတူ သူ့ရဲ့ ဇာတ်ညွန်းအဖွဲ့ဝင်တွေ ပူးပေါင်းပြီး မက္ကဆီကန်လူမျိုးတို့ရဲ့ ယဉ် ကျေးမှုကို ဖော်ကျူးထားတာပါ။

ပြင်ပအသံပိုင်းဆိုင်ရာအားလုံးကို လာတီနိုမှ ကူညီပေးထားပြီး အဓိကဇာတ်ကောင်အသံကို အန်ထရီ ဂွန်ဇာလတ်မှ ကူညီးပေးထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အသက် ၁၂ အရွယ် ကောင်လေးတစ်ယောက်ရဲ့ဂီတ အပေါ်ရူးသွတ်မှုကိုပုံဖော်ထားတာပါ။ အဓိကဇာတ်ကောင် ဖြစ်တဲ့ မက်ဂရယ် ရီဗီးနားဟာ ဆန်တာ ဆီစီလက်စ် ဆိုတဲ့ ရွာမှနေထိုင်ပြီး မိသားစုကတော့ ဖိနပ်ချုပ်ရင်း အသက်မွေး ကြတာပါ။

ဒါပေမဲ့မက်ဂရယ်ဟာ ဂီတာတီးရင်းသီချင်းဆိုချင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ မိသားစုဝင်တွေကတော့ လက်မခံကြပါဘူး။ မက်ဂရယ်ရဲ့ အဘေးဖြစ်သူကတော့ တစ်ချိန်က အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီး သူ့မိန်းမနဲ့ ကလေးကို စွန့်ခွာသွားခဲ့သူပါ။ မက်ဂရယ်ဟာ သူအားကျတဲ့ သေသွားပြီဖြစ်သော မက္ကဆီကန်အဆို တော် အန်နက်စ်တို ဒီ လာ ခရုစ်ရဲ့ ခြေလှမ်းကိုနင်းချင်ခဲ့ပြီး သူ့အဘေးဖြစ်ရင်ကောင်းမယ်လို့ စိတ်ကူးယဉ်နေသူပါ။

မက်ဂရယ်ဟာ အန်နက်စ်တိုရဲ့ ဂူဗိမာန်ထဲမှာရှိတဲ့ ဂီတာကိုခိုးလိုက်တဲ့ အချိန်မှာ သူ့ကို ကျိန်စာသင့်သွားစေခဲ့ပါ တယ်။ ကျိန်စာပြယ်စေဖို့အတွက် ကောင်လေးဟာ ရွေဒင်္ဂါးပန်းပင်ပွင့်ချပ်တွေနဲ့ ပြုလုပ်ထားတဲ့ တံတားကိုဖြတ် သွားပြီး မြေအောက်ကမ္ဘာမှာဖြစ်တဲ့ အန်နက်စ်တိုကို တောင်းပန်မှရမှာပါ။ မြေအောက်ကမ္ဘာမှာနေတာကြာသွား ခဲ့ရင်လည်း တသက်လုံး ၀ိညာန်အဖြစ်နဲ့ နေသွားရမှာပါ။

ဒီဇာတ်လမ်းမှာတော့ စိတ်လှုပ်ရှားဖွယ်ဇာတ်ကွက်တော်တော်များများဖြင့်ဖန်တီးထားတဲ့အတွက် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။ မြေအောက်ကမ္ဘာမှာ ကြုံတွေ့ရတဲ့ မက္ကဆီကိုရိုးရာ ပွဲတော်တွေ၊ဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေကို ဆန်းပြားစွာတွေ့မြင်ရမှာပါ။  သေသူတွေကို ဂုဏ်ပြုတဲ့နေ့မှာ တခြားကမ္ဘာကို ရောက်သွားခဲ့လျှင် မူလကမ္ဘာမှတစ်စုံတစ်ယောက်က ကိုယ့်ကိုအမှတ်ရမှာသာ ပြန်လည်ဖြတ်ကူးလို့ရမှာပါ။ ဒါကိုလည်း စိတ်ဝင်စားဖွယ် မြုပ်ကွက်အဖြစ် ဇာတ်လမ်းအဆုံးမှာ တွေ့မြင်ရမှာပါ။ ကျန်တာတွေကိုကိုယ်တိုင် ကြည့်ရှုသင့်ပါတယ်။

ဒီ CoCo ဆိုတဲ့ဇာတ်ကားဟာ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွင်မှုတွေ၊ စိတ်ခံစားမှုတွေနဲ့ ပိရိသတ်ကို ပြည့်နှက်စေ မှာပါ။ ဇာတ်လမ်းရဲ့ အထွဋ်အထိပ်က ပိရိသတ်ကို ရင်ထဲထိစေမှာပါ။ ကောင်လေးတစ်ယောက်က သူ့ဘ၀ထဲမှ ပျောက်ဆုံးသွားပြီဖြစ်တဲ့ ဘိုးဘေးဘီဘင်နဲ့ ပြန်လည်ဆုံစည်းစေတာကလည်း မျက်ရည်ဝဲစေမှာပါ။ ဒီဇာတ်လမ်း လေးရဲ့ သင်ခန်းစာကတော့ ကိုယ့်ထက်အကြီးကို ရိုသေလေးစားစေချင်တာပါ။ ဒါပေမဲ့ Pixar ရဲ့ ၁၉ ကြိမ်မြောက် ဒီရုပ်ရှင်ဟာ အခြားအဆင့်မြင့်ဇာတ်လမ်းတွေဖြစ်တဲ့   Toy Story, Inside Out, Wall-E တို့နဲ့ မတူဘဲ တနည်းတဖုံ ပိရိသတ်ကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်တော့ ဖြစ်မှာပါ။


14 Dec 2017     2,083 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment