BEC-TERO TV

အဆိုတော်ကြီး ဒေါ်မာမာအေး စိန်ရတုမွေးနေ့ပွဲမှာ ဘာကြောင့်မြို့မငြိမ်းသီချင်းတွေ မဆိုသလဲ

15 Dec 2017     1,259 Views


ဂန္တဝင်တေးသံရှင် ဒေါ်မာမောအေးရဲ့ အသက် (၇၅)နှစ်ပြည့် စိန်ရတုမန္တလာဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြို့မတူရိယာဝိုင်းနဲ့ သီဆိုဖျော်ဖြေမှာ ဖြစ်ပေမယ့် မြို့မငြိမ်းသီချင်းတွေတော့ သီဆိုမှာမဟုတ်ပါဘူးလို့ မြို့မတူရိယာအသင်းကြီးမှ တာဝန်ရှိသူတစ်ဦးကပြောကြာခဲ့ပါတယ်။

“မန္တလေးပွဲမှာ ဒေါ်မာမာအေးနဲ့အတူ ပါဝင်သီဆိုကြမယ့်သူတွေစာရင်း ကြေညာထားပါတယ်။ သီချင်း ၃၈ ပုဒ်မှာ ဒေါ်မာမာအေးက တစ်ကိုယ်တော်ရော စုံတွဲသီချင်းပါ စုစုပေါင်း ၁၁ ပုဒ်သီဆိုပါမယ်။ မြို့မငြိမ်းသီချင်း မပါပါဘူး။ မြို့မငြိမ်းသီချင်းကို ကျွန်တော်တို့ အလုပ်အမှဒဆောင်တွေလက်ထက်မှာ သီဆိုဖျော်ဖြေတီးမှဒတ်တာတွေ့ရင် တရားစွဲမယ်လို့ ဆရာငြိမ်းရဲ့ သားက ကြေညာထားတာကြောင့် ကျွန်တော်တို့ မြို့မဝိုင်းက တီးမှာ မဟုတ်သလို ဒေါ်မာမာအေးကလည်း ဆိုမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ ရွာစားစိန်ကျော်တင့်လွင် မြန်မာဆိုင်းဝိုင်းနဲ့ မန္တလေးမြို့မတူရိယာအသင်းကြီးတို့က တီးခတ်ပေးကြမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

တစ်ခေတ်တစ်ခါက အလွန်ကျော်ကြားခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေကို လောလောဆယ်မှာတော့ ကတ်ဆတ်ခွေအဟောင်းလေးတွေထဲမှာသာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
 


15 Dec 2017     1,259 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment