BEC-TERO TV

(၂၀၁၇-၂၀၁၈) ဘောလုံးရာသီဝက်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား (၁၁) ဦး

15 Dec 2017     1,281 Views


(၂၀၁၇-၂၀၁၈) ဘောလုံးရာသီဝက်အတွက် စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား (၁၁) ဦးစာရင်းမှာ အဂူရို ၊ နေမာ ၊ မက်ဆီ ၊ ဗာရက်တီ ၊ ဒေးဗစ်ဆေးလ်ဗား ၊ ဂျော်ဂျင်ဟို ၊ ဂိုလန် ၊ စတုန်း ၊ အော်တာမန်ဒီ ၊ ဒန်နီ အဲဗက် နဲ့ ဂိုးသမား အော့ဘလက်တို့ပါဝင်ခဲ့ပါတယ်။(၂၀၁၇-၂၀၁၈) ဘောလုံးရာသီဝက်ဟာ မကြာခင်ချိန်တွင်းမှာကုန်ဆုံးတော့မှာဖြစ်ပြီး ဘောလုံးရာသီမကုန်ဆုံး ခင်မှာ CIES က နေရာအလိုက်အကောင်းဆုံးကစားသမား (၁၁) ဦးစာရင်းကိုရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။ `
 
 
CIES ဟာ ဥရောပထိပ်တန်းလိဂ် (၅) ခုက အသင်းတွေနဲ့အတူ အနည်းဆုံးပွဲချိန် မိနစ် (၇၂၀) ပါဝင်ကစားခဲ့တဲ့ကစား သမားတွေကိုရွေးချယ်ခဲ့တာကြောင့် ပရိသတ်အများစုထင်မှတ်မထားတဲ့ကစားသမားအချို့လည်း ယခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ CIES ကရွေးချယ် ဖော်ပြခဲ့တဲ့ နေရာအလိုက်အကောင်းဆုံးကစားသမား (၁၁) ဦးစာရင်းမှာ စပိန်လာလီဂါမှကစားသမား (၂) ဦး ၊ အီတလီစီးရီးအေမှကစားသမား(၂) ဦး၊ ပြင်သစ်လီဂူးမှ ကစားသမား (၃) ဦး နဲ့ ပရီးမီးယားလိဂ်မှအရေအတွက် အများဆုံးအဖြစ် ကစားသမား (၄) ဦးပါဝင်ခဲ့ပါတယ်။
 
 
CIES ဟာ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီဝက်အတွက် နေရာအလိုက်အကောင်းဆုံးကစားသမား (၁၁) ဦးစာရင်းကို (၄-၃-၃) ကစားကွက်မှာရွေးချယ်ခဲ့တာဖြစ်ပြီး ၊ ဂိုးသမားနေရာမှာ အက်သလက်တီကိုမက်ဒရစ်ဂိုးသမား အော့ဘလက် ၊ နောက်ခံအစွန်လူ (၂) ဦးနေရာမှာ နာပိုလီအသင်းမှ ဂိုလန် နဲ့ ဒန်နီအဲဗက်စ် ၊ ဗဟိုခံစစ်မှုး (၂) ဦးနေရာမှာ မန်စီးတီးအသင်းမှ ဂျွန်စတုန်းနဲ့ အော်တာမန်ဒီ တို့ပါဝင်ခဲ့ပါတယ်။ကွင်းလယ်ခံစစ်ကစားသမားနေရာမှာ နာပိုလီအသင်းမှ ဂျော်ဂျင်ဟို ၊ box-to-box ကွင်းလယ်ကစားသမားတွေနေရာမှာ မန်စီးတီးအသင်းမှ ဒေးဗစ်ဆေးလ်ဗားနဲ့ PSGအသင်းမှ ဗာရက်တီတို့ ပါဝင်ခဲ့ပါတယ်။ တောင်ပံကစားသမားတွေနေရာမှာ ဘာစီလိုနာအသင်းမှမက်ဆီနဲ့ PSG အသင်းမှ နေမာ ၊ တိုက်စစ်မှုးနေရာမှာ မန်စီးတီးအသင်းမှ အဂူရိုတို့ရွေးချယ်ခံခဲ့ရပါတယ်။
 
 

15 Dec 2017     1,281 Views




RELATED

Most Popular of Football

Most Popular of Sport