BEC-TERO TV

ဥရောပထိပ်တန်းလိဂ်(၅)မှာ ခံစစ်အကောင်းဆုံးအသင်းတွေအဖြစ်ရှိနေကြတဲ့ လာလီဂါထိပ်သီး(၂)သင်း

15 Dec 2017     1,287 Views


လာလီဂါထိပ်သီးအသင်းတွေဖြစ်ကြတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ဟာခံစစ်ပိုင်းအကောင်းဆုံးအသင်းတွေဖြစ်ရှိနေပြီး အမှတ်ပေးပြိုင်ပွဲမှာ ပေးဂိုးအနည်းငယ်သာခွင့်ပြုထားခဲ့ရ ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါမှာ ပေးဂိုး(၇)ဂိုးသာ ခွင့်ပြုထားခဲ့ရပြီး ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်အကောင်း ဆုံးအသင်းတွေအဖြစ် ရပ်တည်နေကြပါတယ်။
 
 
အဆိုပါရလဒ်ဟာ တခြားထိပ်တန်းလိဂ်က အသင်းကြီး တွေထက် ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပြီး သူတို့(၂)သင်းဟာ လာလီဂါပွဲစဉ်(၁၅)ပွဲကစားပြီးချိန်မှာ (၇)ဂိုးသာပေး ထားရပါတယ်။ ပရီးမီးယားလိဂ်က ပေးဂိုးအနည်းဆုံးအသင်းတွေဖြစ်ကြတဲ့ မန်စီးတီးအသင်းနဲ့ မန်ယူ အသင်းတို့ဟာ လိဂ်ပွဲစဉ်(၁၁)ပွဲကစားထားရာမှာ (၁၁)ဂိုးစီခွင့်ပြုထားခဲ့ရသလို အီတလီစီးရီးအေမှ ပေးဂိုးအ နည်းဆုံးအသင်းဖြစ်တဲ့ အင်တာမီလန်အသင်းဟာလည်း လိဂ်ပွဲစဉ်(၁၆)ပွဲမှာ ပေးဂိုး(၁၀)ဂိုးခွင့်ပြုထားခဲ့ရ ပါတယ်။
 
 
ဘွန်ဒက်လီဂါမှ ဘိုင်ယန်မြူးနစ်အသင်းက လိဂ်ပွဲစဉ်(၁၅)ပွဲကစားထားရာမှာ (၁၁)ဂိုးခွင့်ပြုခဲ့ရပြီး လီဂူးဝမ်းကလပ် PSG အသင်းကလည်း လိဂ်ပွဲ(၁၇)ပွဲမှာ (၁၃)ဂိုးပေးထားခဲ့ရပါတယ်။ အက်သလက် ကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ပေးဂိုးတူညီနေပြီး ခံစစ်အကောင်းဆုံးအသင်းတွေအဖြစ် ပူးတွဲ ရပ်တည်နေကြပေမယ့် ရဂိုးမှာ ဘာစီလိုနာအသင်းက သာလွန်နေပြီး ဘာစီလိုနာအသင်းဟာ သွင်းဂိုး(၃၈)ဂိုးနဲ့ လာလီဂါမှာသွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ အက်သလက် တီကိုမက်ဒရစ်အသင်းဟာ ခံစစ်မှာဝါရင့်နောက်ခံလူတွေဖြစ်ကြတဲ့ ဂိုဒင်၊ဆာဗစ်တို့အပြင် ဂျီမီးနက်နဲ့လူးကပ်ဟာနန်ဒက်တို့လို လူငယ်နောက် ခံကစားသမားတွေပါ အသုံးပြုနေခဲ့ပါတယ်။ အထူးသဖြင့် အက်သ လက်တီကိုအသင်းဟာ ကစားသမားစုဖွဲ့မှုနဲ့ ကျစ်ကျစ်လစ်လစ်ကစားတတ်အသင်းဖြစ်ပြီး ခံစစ်ပိုင်းမှာလည်း အမှားအယွင်းနည်းအောင် ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။
 
 

15 Dec 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport