BEC-TERO TV

ရေငွေ့စုပ်ယူစေတဲ့ အထုတ်လေးတွေနဲ့ကစားပြီး (၈)နှစ်ကလေးငယ် မျက်စိတစ်ဖက်ကွယ်

15 Dec 2017     1,488 Views


တရုပ်နိုင်ငံက အသက် (၈)နှစ်အရွယ် “ကီကီ” ဆိုတဲ့ ကလေးငယ်ဟာ မုန့်ထုတ်ထဲမှာပါတဲ့ ရေငွေ့စုတ်ယူနိုင်စေဖို့ ထည့်ထားတဲ့ အထုတ်လေးတွေနဲ့ ကစားရာမှ မျက်လုံးတစ်ဖက် ကွယ်သွားခဲ့ရပါတယ်။


ဒီအထုတ်လေးတွေကို လူတိုင်းနီးပါးမြင်ဖူးကြပါတယ်။ ဒီအထုတ်လေးတွေဟာ ရေငွေ့ အစိုဓါတ်စုပ်ပေးနိုင်တာကြောင့် ခြောက်ခြောက်သွေ့သွေ့ထားဖို့လိုတဲ့ ပစ္စည်းတွေထဲမှာ အသင့်ပါလားပြီးသားဖြစ်နေတတ်ပါတယ်။ ဒီအထုတ်လေးတွေကို ဘီစကစ်ထုပ်လို မုန့်တွေမှာ၊ ရှုးဖိနပ်အသစ်တွေ၊ လက်ကိုင်အိတ်တွေထဲမှာ အစရှိသည်ဖြင့် နေရာမျိုးစုံမှာ တွေ့ရတတ်ပါတယ်။

ရေငွေ့စုတ်တဲ့အထုတ်လေးတွေထဲမှာ များသောအားဖြင့် ထည့်ထားတာက စီလီကာခဲလေးများဖြစ်ပြီး သူတို့အလေးချိန်ရဲ့ ၄၀% လောက်က အစိုဓါတ်တွေကို စုပ်ယူထားတာဖြစ်ပါတယ်။ သာမန်အားဖြင့် ဘေးအန္တရာယ်မရှိပေမယ့်။ “စားရန်မဟုတ်” ဟု သတိပေးစာတမ်း အမြဲပါရှိပါတယ်။


တရုပ်မီဒီယာသတင်းအရ “ကီကီ”ဟာ နှစ်ယောက်ထိုင်ခုံရှည်ပေါ်မှာ လဲလျောင်းကားတွန်းကားကြည့်ရင်း မုန့်ထုတ်ကို ဖောက်စားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေဖြစ်သူက မီးဖိုထဲမှာ ချက်ပြုတ်နေချိန်ဖြစ်ပါတယ်။ “ကီကီ” ရဲ့ စူးစူးဝါးဝါး အော်လိုက်သံကြောင့် အမေဖြစ်သူ အထိတ်တလန့်နဲ့ ပြေးထွက်လာချိန်မှာ ကလေးရဲ့ မျက်လုံးတစ်ဖက်က အခြေနေဆိုးနေတာကို တွေ့လိုက်ရပါတယ်။ တစ်ချိန်ထဲမှာပဲ ကြမ်းပြင်ပေါ်မှာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ပုလင်းတစ်လုံးတွေ့ရပြီး အရည်ငွေ့တွေနဲ့ ပြည့်နေတာကိုတွေ့ရပါတယ်။ သူမဟာ ကလေးကို ဆေးရုံသို့ ချက်ခြင်း ခေါ်သွားခဲ့ပါတယ်။

ဆေးရုံမှာ ဆရာဝန်စစ်ဆေးပြီးတဲ့အခါမှာတော့ ကလေးရဲ့ ညာဖက်မျက်လုံးက တစ်ရှုးတွေဟာ အယ်လ်ကာလိုင်း အက်ဆစ်ငွေကြောင့် ပျက်ဆီးသွားပြီး ဘာမှလုပ်လို့မရတော့ဘူးလို့ သိလိုက်ရပါတယ်။
ဆရာဝန်က ဖြစ်စဉ်ကို မေးတဲ့အခါ ကလေးက သူစားနေတဲ့မုန့်ထဲက အထုတ်လေးတွေ တွေ့တာနဲ့ စူစမ်းချင်စိတ်ပေါ်လာပါတယ်။ အရင်ဆုံးအထုတ်လေးတွေကို သူနမ်းကြည့်လိုက်ပါတယ်၊ ပြီးတော့ တစ်ထုတ်ခြင်းစီ ဖောက်ပြီး အထဲကအခဲလေးတွေကို ဖျော်ရည်ပုလင်းအလွတ်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ချက်ချင်းဆိုသလို သူမမျှော်လင့်ထားပဲ ပုလင်းက ပေါက်ကွဲခဲ့ပါတယ် အဲဒီအချိန်မှာ အက်ဆစ်ငွေ့က သူ့မျက်လုံးထဲ ဝင်ခဲ့တာဖြစ်ပါတယ်။

“ကီကီ”ရဲ့ မိခင်က အခြားကလေးတွေ သူ့သားလိုမဖြစ်ရအောင် အွန်လိုင်းပေါ်မှာ ကလေးတွေရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ ရေငွေ့စုပ် အထုတ်လေးတွေကို သတိထားဖို့ အသိပေးဝေမျှခဲ့ပါတယ်။
ဒီအကြောင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အချို့ကလဲ ဒီလောက်အန္တရာယ်များတဲ့ အထုတ်လေးတွေနေရာမှာ အခြားအန္တရာယ်ကင်းတဲ့ အရာတွေနဲ့ ဘာကြောင့် အစားမထိုးသလဲလို့ မေးခွန်ထုတ်လာကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ ရေငွေစုပ်ထုတ်လေးများမှာ ကလေးတွေနဲ့ အနီးဆုံးမှာ ရှိနေဦးမှာဖြစ်လို့ မိဘတိုင်း သတိပြုဆင်ခြင်နိုင်ကြပါစေ။
 


15 Dec 2017     1,488 Views




RELATED

Most Popular of Special or Others

Most Popular of NEWS