BEC-TERO TV

စာဖတ်၇တာ ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့ နန်းသူဇာ

15 Dec 2017     1,260 Views


ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အများအားကျရတဲ့ relationship ပိုင်ဆိုင်ထားတဲ့ မော်ဒယ်နန်းသူဇာ ဟာ

စာဖတ်ဝါသနာပါ သူ ရုပ်ရှင်ကြည့်ရတာ ၀ါသနာ ပါသူလို့လဲ သိရပါတယ် ။ “ ဟာသဆို အကြည်တော် စာအုပ်တွေ ဖတ်တယ် ။ အာသာသ အကြောင်းတွေ ဖတ်တယ် ။ ထူးဆန်းတဲ့ အကျင့် တစ်ခုတော့ ရှိတယ် ပန်းအစစ်ဆိုရင် ပန်ရတာ မကြိုက်ဘူး ။ ပန်းပင်ဆိုရင် အပင်မှာပဲ ရှိတာ ကြိုက်တယ် ။ အပင်ပဲလိုအပ်တယ် ။ ပန်းအိုးထဲစိုက်ထားတာမကြိုက်ဘူး ။

ပွင့်ပွင့်လင်းလင်းနေရတာ ကြိုက်ပေမယ့် တစ်ခါတလေ လူမှုရေးတွေမှာ မပွင့်မလင်းဖြစ်အောင် ကြိုးစားရတာတွေတော့ ရှိတယ် ။

ဘ၀နဲ့ ပတ်သတ်ပြီး တချိန်ချိန်မှာ မိခင်တစ်ယောက်ဖြစ်လာမှာပဲလေ ။  ငွေရေးကြေးရေးက အစ မျက်မှာမငယ်ရမယ့် အများလေးစားရတဲ့ ကိုယ်ပိုင်မိသားစုဘ၀လေးတစ်ခု လိုချင်ပါတယ် ။

အနုပညာလှုပ်ရှားမှုတွေ နားထားတာက သရုပ်ဆောင်လုပ်ရတာက မကြိုက်တာတော့မဟုတ်ဘူး ဇာတ်ကားတစ်ကားမှာ ကာရိုက်တာဝင်အောင်လုပ်ရတာ မလွယ်ဘူး ။ ဒိုင်ယာလော့လည်း မေ့တတ်တယ် ။ အဲ့ဒိအတွက် အပြစ်တင်တာမျိုး ၊ ဆူပူခံရတာမျိုးတွေရှိတတ်တယ် ။ ကိုယ့်ကို ဆူရင်မကြိုက်တော့ သူတို့က စေတနာနဲ့ ပြောပေမယ့် ကိုယ့်က ပြန်အော်မိရင် မကောင်းဘူးလေ ။ ကိုယ့် ဆရာတွေကို ပြန်အော်မိသလိုလဲ ဖြစ်မှာဆိုးတယ် ။ ကိုယ်မလုပ်နိုင်တာကို ကိုယ်သိတယ် ။ ရှုတင်တွေ လိုက်ကြည့်တော့ သိရတယ်” ဆိုပြီး ပြောထားပါတယ်။

Credit:oasis


15 Dec 2017     1,260 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment