BEC-TERO TV

အာကာသထဲတွင် ကြယ်တာရာအစုဝေးသစ်တစ်ခု တွေ့ရှိကြောင်း NASA ထုတ်ပြန်

17 Dec 2017     1,350 Views


ဂြိုလ်တစ်လုံး ထက်ပိုသော ဂြိုလ်အစုအဝေးကို ကြယ်တာရာ အစုအဝေးဟု ခေါ်ဆိုကြသည်။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုလ် အပါအ၀င်ဂြိုလ်ကြီး (၈)လုံးဖြင့် ဖွဲ့စည်းထားသော စကြာဝဠာအဖွဲ့အစည်းသည် ကြယ်တာရာအစု အဝေးတွင် တစ်ခုတည်းသော အကြီးမားဆုံး ဖွဲ့ စည်းမှုအဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။

ဒါပေမဲ့ အခုတော့ ဒီလိုမဟုတ်တော့ပဲ နောက်ထပ် အလားတူ ဂြိုလ်အဖွဲ့အစည်းသစ်ကို အာကာသထဲတွင် ထပ်မံတွေ့ရှိခဲ့ရပါပြီ။

NASA နဲ့ အာကာသရှာဖွေရေးအဖွဲ့က နောက်ထပ် ကြယ်တာယာအစုအဖွဲ့တစ်ခု ထပ်မံ တွေ့ရှိကြောင်းယခုအပတ် ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ ဂူဂယ်လ် အယ်လဂိုရီသမ် မှ ကမ္ဘာဂြိုလ်ထက် ကျောက်ဆောင်ကျောက်ခဲ ၃၀ ရာခိုင်နှုန်းခန့် ပိုများသော “Kepler 90” ဂြိုလ်ကို ထုတ်ဖော်ပြသခဲ့ပြီး ယင်းဂြိုလ်သည် ကမ္ဘာမြေမှ အလင်းနှစ် ထောင်ပေါင်းအနည်းငယ်သာ ကွာဝေးကြောင်း ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့ စကြာဝဠာ အဖွဲ့အစည်းကဲ့သို့ပင် နေကို ဂြိုလ် (၇)လုံးက ဝန်းရံထားသလို “Kepler 90” ဂြိုလ်ကိုလည်း ဂြိုလ် (၇)လုံးက ဝန်းရံ ထားကြောင်းလည်း သိရသည်

အသစ်တွေ့ရှိသော ကြယ်တာရာအစုအဝေးကို “Kepler 90” ဟု အမည်ပေးထားသည်။ NASA ကြယ်တာရာ လေ့လာရေးအပိုင်းခေါင်းဆောင် Paul Hertz က “ကျနော်တို့က Kepler 90 အဖွဲ့အစည်းထဲက (၈) လုံးမြောက်ဂြိုလ်ကို အရင်ဆုံးရှာဖွေတွေ့ရှိခဲ့ကြတာပါ” လို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒီအဖွဲ့အစည်းကို အသေးစိတ်လေ့လာနိုင်ဖို့ဆိုရင် ပိုမိုမြင့်မားတဲ့ နည်းပညာ အကူအညီတွေ အများကြီးကိုလည်း လိုအပ်ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ စကြ၀ဠာ အဖွဲ့အစည်းနဲ့ Kepler 90 အဖွဲ့အစည်းကို ယှဉ်ကြည့်မယ်ဆိုလျှင် လှည့်ပတ်နေတဲ့ ဂြိုလ်အရေအတွက် တူတာတင်မကပါဘူး။

Kepler 90  အဖွဲ့အစည်း မှာဆိုရင် Kepler 90 ကိုလှည့်ပတ်နေတဲ့ ဂြိုလ်တွေက ကျနော်တို့ စကြာဝဠာ အဖွဲ့အစည်းထဲက နေကို လှည့်ပတ်နေတဲ့ ဂြိုလ်တွေထက် ပိုမိုသေးငယ်ပါတယ်။ ဒါပေမဲ့ Kepler 90 ဂြိုလ် ဟာနေထက်တော့ ပိုကြီးပါတယ်။ ဒါပေမဲ့ သိပ်အများကြီးတော့ မကြီးပါဘူး။


17 Dec 2017     1,350 Views




RELATED

Most Popular of Special or Others

Most Popular of NEWS