BEC-TERO TV

ကျောင်းကားနဲ့ ရထားပြင်းထန်စွာတိုက်သဖြင့် ကျောင်းသားများသေဆုံး

17 Dec 2017     1,288 Views


ပြင်သစ်နိုင်ငံ အနောက်တောင်ဘက်ပိုင်းက Perpignan ပြည်နယ်မှာ ကြာသပတေးနေ့က ကျောင်းကားနှင့် ရထား ဆိုးရွားစွာ တိုက်မိခဲ့သဖြင့် ကျောင်းသား (၄)ဦးခန့် သေဆုံးခဲ့ပါတယ်။

ညနေ ၄ နာရီဝန်းကျင်ခန့်တွင် ကျောင်းကားဟာ Millas မြို့ထဲက ရထားလမ်းကို ဖြတ်ကူးတဲ့ အချိန်မှာ ရထားနဲ့ အရှိန်ပြင်းပြင်း ပွတ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီမတော်တဆမှုကြောင့် ရထားမှာ သံလမ်းမှ ဘီးချော်ထွက်သွားခဲ့ပြီး ကျောင်းကားကတော့ နှစ်ခြမ်းကွဲထွက်သွား ခဲ့ပါတယ်။

အသက် ၈ နှစ် နှင့်၁၄ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများ သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရထားတိုက်မှုမှာ လူ(၂၉)ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး (၁၁)ဦးကတော့ စိုးရိမ်ဖွယ် အခြေအနေ ရှိတယ်လို့ ဒီဖြစ်ရပ်ဖြစ်ပွား ရာနေရာသို့ ချက်ချင်းသွား ရောက်ခဲ့ သောပြင်သစ်ဝန်ကြီးချုပ် Edouard Philippe က ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသူ အများစုမှာ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ် ကြား ကျောင်းသား၊ ကျောင်းသူများ ဖြစ်တယ်လို့ လည်းထပ်မံပြောကြားခဲ့ပါတယ်။ အရေးပေါ်လုပ်သား (၇၀) နဲ့ ကယ်ဆယ်ရေးယာဉ် (၁၀) စီးခန့်က အခင်းဖြစ်ပွား ရာနေရာမှာ ရှိနေကြပြီး ဒဏ်ရာရသူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုများကို ပြုလုပ်ပေးနေကြပါတယ်။

ရဟတ် ယာဉ် ၄ စင်းခန့်ကလည်း အရေးပေါ်ကူညီနိုင်ရန် အသင့်ရှိနေကြပါတယ်။ ဒဏ်ရာရသူများ၏ မိသားစုများလည်းအခင်းဖြစ်ပွား ရာနေရာသို့ ရောက်ရှိလာခဲ့ကြပေမယ့် AFP က အချင်းဖြစ်ပွားတဲ့နေရာအနီးနားကိုတော့ ပေးမသွားခဲ့ပါဘူး။ ရဲတွေကတော့ မိသားစုတွေကို နီးစပ်ရာ ကျောင်းတွေမှာ လူစုစေခဲ့ပါတယ်။

တိုက်ခံလိုက်ရတဲ့ ကျောင်းကားနောက်မှာပါလာတဲ့ ဒုတိယကျောင်းကားက ကျောင်းသူတစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ ရှေ့ကကျောင်းကားက ရထားလမ်းပေါ်မဖြတ်ခင်မှာ ရထားလာရင် ပိတ်တဲ့ တုတ်တံအတားအဆီး ပိတ်ထားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ရေး ၀န်ကြီးချုပ်ဖြစ်သူ Elisabeth Borne က ဒီဖြစ်ရပ်ဟာ တော်တော်ကိုဝမ်းနည်းဖို့ ကောင်းပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ တာဝန်ရှိသူကို အရေးယူသွားမယ်လို့လည်း သိရှိရပါတယ်။


17 Dec 2017     1,288 Views




RELATED

Most Popular of International News

Most Popular of JOB