BEC-TERO TV

ထူးခြားရှားပါးတဲ့ အမြွှာနှစ်စုံတွဲ မင်္ဂလာဆောင် (ရုပ်သံ)

17 Dec 2017     1,329 Views


ဒီပုံထဲမှာပါတာကတော့ လောလောလတ်လတ် မင်္ဂလာဆောင် ထားတဲ့ စုံတွဲ နှစ်တွဲပဲ ဖြစ်ပါတယ်။ သင်ကဒါကို ဘာမှမထူးဆန်းပါဘူးလို့ ထင်သွားရင်တော့ မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမင်္ဂလာဆောင်ဟာ ရှားရှားပါးပါး ယောင်္ကျားလေးအမြွာနဲ့ မိန်းကလေးအမြွာတို့ အမြွာစုံတွဲနှစ်တွဲ မင်္ဂလာဆောင်ဖြစ်လို့ပါပဲ။

သူတို့တွေကတော့ တရုတ်အရှေ့မြောက်ဘက်က Heilongjiang စီရင်စုမှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ထူးခြားတာက ဒီအမြွာ ယောင်္ကျားလေးနဲ့ မိန်းကလေး နှစ်တွဲဟာ ရုပ်ချင်းဆင်တူရုံသာမက နာမည် တွေကလည်း ဆင်တူနေပါတယ်။ ယောင်္ကျားလေး အမြွာနာမည်တွေကတော့ Zheng Dashuang နဲ့ Zheng Xiaoshuang တို့ဖြစ်ကြပြီး မိန်းကလေး အမြွာနာမည်တွေကတော့ Lian Jing နဲ့ Lian Qing တို့ပဲ ဖြစ်ကြပါ တယ်။ ဒီဇင်ဘာလ (၃)ရက်နေ့တွင် Daqing မြို့တွင် သူတို့အမြွာ နှစ်တွဲဟာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။

သူတို့တွေရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို တရုတ်သတင်းဌာနတွေမှာ တခမ်းတနား ဖော်ပြခဲ့ ကြပါတယ်။ ၂၃ နှစ်အရွယ်သတို့သမီးအမြွာတွေက လှပတဲ့ အဖြူရောင် သတို့သမီးဝတ်စုံတွေကို ဆင်မြန်းခဲ့ ကြပြီး လက်ထဲမှာလည်း တူညီတဲ့ ပန်းရောင်ပန်းစည်းတွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။

 

အဲ့အချိန် အတောအတွင်းမှာပဲ ၂၆ နှစ်အရွယ်သတို့သား အမြွာနှစ်ယောက်က သတို့သမီးတွေနဲ့ လိုက်ဖက်တဲ့ အနက်ရောင်သတို့သား ၀တ်စုံတွေကို အနီရောင် လည်စည်းနဲ့ ၀တ်ဆင်ခဲ့ကြပြီး အနက်ရောင် ဘတ်စကတ်ဘော ဦးထုတ်ကို ဆောင်းခဲ့ ကြပါတယ်။ တရုတ်ပြည်သူ့နေ့စဉ်သတင်းကတော့ အမြွာနှစ်တွဲရဲ့ ဖခင်ဖြစ်သူတွေဟာ ဆယ်စုနှစ်များစွာ ရင်းနှီးခဲ့ ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်ကြပြီး သူတို့ ဇနီးနှစ်ယောက်ကလည်း ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။

ယခုလိုမျိုး အမြွာနှစ်တွဲ မင်္ဂလာဆောင်တာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ယခုလိုမျိုး အမြွာနှစ်တွဲ မင်္ဂလာဆောင်ခဲ့ ကြရာ မင်္ဂလာပွဲကို အမြွာခရစ်ယာန် ဘုန်းကြီးနှစ်ပါးက ကျင်းပပေးခဲ့ပြီး ယောင်္ကျားလေးအမြွာနှစ်ယောက် နဲ့ မိန်းကလေးအမြွာနှစ်ယောက်တို့က ပန်းများ ကြဲပေးခဲ့ ကြပါတယ်။


17 Dec 2017     1,329 Views




RELATED

Most Popular of Special or Others

Most Popular of NEWS