BEC-TERO TV

နဂါးပတ်ဒီဇိုင်းဖြင့် ထိုင်းနိုင်ငံကအတုမရှိ ဗုဒ္ဓဘုရားကျောင်းကြီး

20 Dec 2017     2,727 Views


ထိုင်းနိုင်ငံ ဆန်ဖရမ်ခရိုင်မှာ တည်ရှိသော ဗုဒ္ဓဘုရားကျောင်းတော်ကြီးမှာ တစ်နိုင်ငံလုံးတွင် အတုမရှိသော ကျောင်းကြီးအဖြစ်ထင်ရှားကျော်ကြားသည်။ ပန်းရောင်ခြယ်ထားသည့် ကျောင်းကြီး၏ အမည်မှာ “ဝတ်ဆန်ဖရမ် (Wat Samphran)” ဖြစ်ပြီး (၁၇) ထပ်ကျောင်းဆောင်ကြီးဖြစ်ကာ အဆောက်အဦးကြီးတစ်ခုလုံးကို အစိမ်းရောင် အကြေးများနဲ့ နဂါးကြီးတစ်ကောင် ရစ်ပတ်ထားသည့် ပုံသဏ္ဍန် တည်ဆောက်ထားသည်။

ဗုဒ္ဓသက်တော်ထင်ရှားရှိခဲ့သည့် သက်တော်(၈၀) ကိုရည်စူးကာ အမြင့်မီတာ (၈၀) တည်ဆောက်ထားပြီး ကျောင်းတော်ကို စတင်တည်ထောင်သူ တရားထိုင်နေစဉ်အတွင်း နဂါးပတ်ပုံစံ စိတ်ထဲတွင် ပြတ်ပြတ်ထင်ထင်နိမိတ်ပြပေါ်လာသဖြင့် နဂါးပတ်ပုံစံ တည်ဆောက်ထားရခြင်းဖြစ်သည်။ ဘုရားကျောင်တော်ကို (၅)နှစ်အချိန်ယူကာ တည်ဆောက်ခဲ့ရပါတယ်။


လာရောက်လည်ပတ်သူများအနေနဲ့ အဆောက်အဦး၏ ထိပ်ဆုံး နဂါးမုတ်ဆိတ်နဲ့ လက်သည်းကြီးများ နေရာအထိ တက်ရောက်နိုင်သည်။ ဘုရားကျောင်းဝင်းထဲရှိ ပင်မဆောင် ခေါင်းမိုးထပ်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ဆောက်ထားပြီး ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ ထိုင်နိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါ သွားရောက်ဖူးမျှော်သင့်တဲ့ ဗုဒ္ဓဘုရားကျောင်းကြီးလည်းဖြစ်ပါတယ်။


 


20 Dec 2017     2,727 Views




RELATED

Most Popular of Special or Others

Most Popular of Life Style