BEC-TERO TV

Q နှင့် Quotient အကြောင်းသိကောင်းစရာ

02 Jul 2015     1,347 Views


Q နှင့် Quotient အကြောင်းသိကောင်းစရာ

Q ဆိုတာက လူအများစုသိတဲ့IQ ၊ EQ ဆိုပြီးသိထားကြပါတယ်။IQ ဆိုတာကဉာဏ်ရည်ထက်မြက်မှုနဲ့ EQ ဆိုတာကစိတ်ခံစားမှုဆိုပြီးသိထားကြတာများပါတယ်။ IQ ကတော့ဉာဏ်ရည်ထက်မြက်မှုနဲ့ဆက်စပ်မှုရှိနေပါ တယ်။ဉာဏ်ကောင်းတာ ၊ ဉာဏ်ရည်ထက်မြက်မှုရှိတာပဲဖြစ်ပါတယ်။
 
လူတစ်ယောက်ရဲ့ဦးနှောက်ဉာဏ်ရည်စွမ်း အားစံချိန်အတိုင်းအတာအရ လူတစ်ယောက်ဟာဆိုရင်အကြမ်းဖျင်းအားဖြင့် 90 to 110 ကြားမှာရှိပါတယ်။ဒီထက်ပိုတဲ့သူကိုတော့ဉာဏ်ကောင်းတဲ့သူ၊ဉာဏ်ရည်ထက်မြက်တဲ့သူလို့သက်မှတ်လို့ရပါတယ်။ဉာဏ်ရည်ထက် မြက်မှုကလည်း ဂီတ ဘက်နဲ့အားကစားဘက်မှာအကျိုးသက်ရောက်မှုရှိနေပါတယ်။ 
 
EQ ကတော့စိတ်ခံစားချက်နဲ့ စိတ်သဘောထားထက်မြက်မှုပဲဖြစ်ပါတယ်။EQ မြင့်တဲ့သူတွေဟာဆိုရင်အခြားသူတွေအပေါ်နားလည်သဘောပေါက်တဲ့စိတ်တွေရှိပါတယ်။CQ ကတော့အရာရာကိုတီထွင်ကြံဆမှုဉာဏ်၊အရာရာကိုတီထွင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ PQ ကတော့ဆော့ကစားနည်းကနေသင်ယူလေ့လာနိုင်တဲ့အစွမ်းအစပဲဖြစ်ပါတယ်။ငယ်ငယ်လေးထဲကမိဘတွေနဲ့ေဆော့ကစားတာပဲဖြစ်ဖြစ်၊အရွယ်ရောက်လာတဲ့အခါမှာသူငယ်ချင်းတွေနဲ့ဆော့ကစားရာကနေသင်ယူလေ့လာမှုတွေရရှိလာပါတယ်။
 
AQ ဖြစ်တဲ့ဘယ်အရာကိုမဆိုဘယ်ပြသနာကိုမဆိုဇွဲ၊ လုံ့လ ၊ ဝီရိယကြိုးစားအားထုတ်မှုနဲ့အတူအရာရာကိုဖြတ်သန်းကျော်လွားနို်င်တဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့လိုအပ်ပါတယ်။အခက်အခဲတွေကိုဘယ်လောက်ကြုံတွေ့နေရလဲဆိုတဲ့အပေါ်မှာလည်းမူတည်နေပါတယ်။ HQ ကျန်းမာရေးနဲ့ဆိုင်တဲ့ မိမိကိုယ်ကိုယ်စောင့်ရှောက်နိုင်တဲ့အချက်ပါပဲ။ HQ ရှိတဲ့သူတွေက မိမိကိုယ်ကိုဘယ်လိုကျန်းမာအောင်နေထိုင်သင့်သလဲ ၊ဘယ်လိုအရာတွေနဲ့လူ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းန်ိုင်မလဲဆိုတာကိုစဉ်းစားနိုင်တဲ့လူမျိုးပဲဖြစ်ပါတယ်။
 
OQ ကတော့အများသူအပေါ်အရာ ရာကိုအကောင်းမြင်တဲ့စိတ်ဓာတ်ရှိတာပါပဲ။ TQ ကတော့ဘယ်လိုမျိုးအရာတွေဘယ်လိုပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းမလဲ၊ ဘယ်လိုမျိုးနည်းလမ်းနဲ့ဖြေရှင်းရမလဲဆိုတာကိုစဉ်းစားတက်တဲ့တွေးခေါ်မှုပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။တီထွင်ကြံဆမှုဉာဏ်နဲ့လည်းဆက်စပ်မှုရှိနေပါတယ်။အခုလိုဖော်ပြထားတဲ့အချက်တွေအားလုံးနဲ့ပြည့်စုံမယ်ဆိုရင်တော့ ပိုပြီးတော့ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်သလိုလူမှုရေးပိုင်းဆိုင်ရာရော လုပ်ငန်းပိုင်းဆိုင်ရာမှာပါ အရာရာကိုထူးချွန်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်နိုင်မှာပဲဖြစ်ပါတယ်။

02 Jul 2015     1,347 Views




RELATED

Most Popular of Health Fix

Most Popular of Life Style