BEC-TERO TV

ချစ်သူတွေကြားမှာ မရှိမဖြစ်လိုက်နာကျင့်သုံးရမယ့် အချက်(၅)ချက်

21 Dec 2017     1,636 Views


ချစ်သူစုံတွဲတွေကြားမှာ ချစ်စိတ်ဝင်နေတုန်း တစ်ပြုံးပြုံးနဲ့ လောကကြီးတစ်ခုလုံး သာယာလှပနေပေမယ့် တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့ ပြသနာအသေးဖွဲလေးတစ်ခုကနေ အငြင်းပွားရာမှ နင်လုံးတွေ ငါလုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး နစ်နစ်နာနာ ပြောဆိုကြတဲ့အဆင့်အထိ ရောက်လာတတ်ပါတယ်။ ဒီလိုမျိုး စိတ်အခန့်မသင့်မှုတွေကနေ ကိုယ်ချစ်ရတဲ့သူနဲ့ အဝေးဆုံးကို ဝေးသွားတဲ့ အခြေနေမျိုးတွေထိ အကြီးကြီးဖြစ်သွားတတ်ပါတယ်။
 
ချစ်သူနှစ်ဦးကြားမှာ တစ်ကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို လိုချင်ရင်တော့ သူ့ဘက်ကိုယ့်ဘက် မျှတဖို့တော့ လိုပါလိမ့်မယ်။ နောက်တစ်မျိုးပြောရရင် ကိုယ့်ဘက်ကနေ စပြီးမျှမျှတတ ဖြစ်အောင် ကြိုးစားဖို့လိုပါ။ ဖော်ပြပါ အချက် (၅)ချက်က အဆင်မပြေဖြစ်နေတဲ့ ချစ်သူရည်းစားတွေကို ပြန်လည်အဆင်ပြေသွားအောင် ပြုလုပ်ပေးနိုင်မှာပါ။
 
၁။ မိမိကိုယ်ကို ထိန်းချုပ်ပါ

ဥပမာပေးရရင် ကိုယ့်ကောင်မလေးက သူငယ်ချင်းအိမ် ဒါမှမဟုတ် အပြင်ထွက်လည်ချင်တယ်။ ဒါပေမဲ့ သင်ကတော့ အိမ်မှာပဲ အေးအေးလူလူနေပြီး ရုပ်ရှင်ကြည့် ဂိမ်းဆော့ချင် တယ်။ ဒီလိုဆိုရင်တော့ အချင်းချင်းအငြင်းပွားကြပြီး ရန်ဖြစ်တော့မယ့် အခြေအနေ ရောက်လာနိုင်ပါတယ်။ အဲ့လိုအချိန်မျိုး ကြုံလာရပြီဆိုရင် မိမိကိုယ်ကို ထိန်းချုပ်ပါ။
 
ကိုယ်ရှုံးနေပြီးလို့ သိသိချင်း ဒေါသနဲ့ မတုံ့ပြန်မီ ပြန်စဉ်းစားဖို့ အချိန်ယူပါ။ ဒါမှမဟုတ် ချော့နေကျအတိုင်း စကားလေးတွေ၊ ပထမဆုံးသွားခဲ့တဲ့နေရာက အမှတ်တရလေးတွေကို ပြန်ပြောပါ။ ဒီလိုနည်းနဲ့ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းသွားနိုင်မှာ သေချာပါတယ်။
 
 
 
၂။ စကားကို ဘယ်သောအခါမှ ကြားဖြတ်မပြောပါနဲ့

ပြသနာတစ်ခုခုအတွက် စကားအချေတင်ပြောဖို့ ကြုံလာတဲ့အခါ စကားကို ဘယ်သောအခါမှ ကြားဖြတ်မပြောမိပါစေနဲ့။ သင်က ကြားဖြတ်ပြောလိုက်ရင် တစ်ဖက်ကလူဟာ သူ့ကိုနားလည်ဖို့ ကြိုးစားနေတာထက် ပြန်ပြောဖို့ ချောင်းနေတယ်လို့ ထင်သွားနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အနိုင်ယူဖို့ ကြိုးစားနေတယ်လို့ ထင်သွားနိုင်ပါတယ်။
 
ကိုယ့်ချစ်သူ ဘာကိုပြောချင်နေတာလဲ ဆိုတာကို ကိုယ်ကိုတိုင် နားလည်အောင် အရင်ကြိုးစားပါ။ သူက တည့်တည့်ထုတ်ပြောမှ ကိုယ်ကနားလည်မယ်ဆိုရင် ပြဿနာ ပိုကြီးသွားနိုင်ပါတယ်။
 
ဒီလိုအချိန်တွေမှာဆိုရင် သင့်ရဲ့ဖုန်း ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကို ခုတုံးလုပ်ပြီး သင့်ရဲ့ မကျေနပ်ချက်တွေကို တစ်ဖက်သူကြားအောင် ကျယ်ကျယ်ပြောပါ။ သူကဘာလုပ်နေတာလဲ လို့မေးလာရင် ငါ့ဘာ သာဖုန်းပြောနေတာ၊ ဒါမှမဟုတ် အရုပ်နဲ့ပြောနေတာ။
 
နင့်မှာပြောစရာရှိရင် ငါပြီးမှ သူနဲ့ပြောဆိုပြီး လွှဲပေးလိုက်ပါ။ ဒါကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြေရှင်းနည်းပါ။
 
 
 
၃။ အတိတ်ကအကြောင်းအရာတွေကို ပြန်မဖော်ပါနဲ့

စုံတွဲအတော်တော်များများဟာ အဆင်မပြေဖြစ်ကြတဲ့အခါ တစ်ဖက်သားရဲ့ မကောင်းတဲ့ အတိတ်တွေကို အသုံးချပြီး အနိုင်လိုချင်ကြပါတယ်။ ဒီလိုဖြစ်လာရင် ပြဿနာက ရှင်းရပိုခက်သွားပါပြီ်။ အတိတ်ကအကြောင်းအရာတွေ ပြန်ဖော်နေတာဟာ ကိုယ့်ရဲ့စိတ်ထဲမှာ မကျေနပ်ချက်တွေများခဲ့လို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ လက်ရှိ ပြဿနာနဲ့ လားလားမျှ မဆိုင်ပါဘူး။ အတိတ်ကကိစ္စကို အတိတ်မှာချန်ခဲ့ပြီး မျှမျှတတဖြေရှင်းဖို့ ကြိုးစားပါ။
 
 
 
၄။ သင့်ချစ်သူကို ဘယ်တော့မှ မဝေဖန်ပါနဲ့

အကယ်၍ ဝေဖန်နေပြီဆိုရင် မျှမျှတတရန်ဖြစ်တာ မဟုတ်တော့ပါဘူး။ အချင်းချင်း ညစ်ပတ်နေကြတာပါ။ ဥပမာ သင့်ချစ်သူက လိမ်တတ်တဲ့အကျင့်ရှိတယ်ဆိုပါတော့ ဒီအခါ နင့်အဲ့ဒီအကျင့်တွေကို အခုထိမပြင်သေးဘူးလားပေါ့။ ဒါတွေဟာ တပါးသူ ကိုယ်ရေးကိုယ်တာတွေ ဖြစ်ပါတယ်။ သင်ဟာ ပြဿနာကို ဖြေရှင်းနေတာ မဟုတ်တော့ပါဘူး။ နောက်ဆုံးမှာတော့ နာမည်တွေ တပ်ခေါ်လာကြပြီး ကြမ်းတမ်းတဲ့စကားလုံး တွေသုံးလာရင် ဘယ်လိုမှ အခြေအနေပြန်ကောင်းလာနိုင်မှာ မဟုတ်တော့ပါဘူး။
 
 
 
၅။ တောင်းပန်တတ်တဲ့ အလေ့အကျင့်မွေးပါ

သင်ဟာ သင့်ချစ်သူကို နာကျင်အောင် လုပ်လိုက်မိတာကို သိသိချင်း တာဝန်ယူဖို့ ကြိုးစားပါ။ ဒါက လူတော်တော်များများအတွက် အခက်ခဲဆုံးအပိုင်း ဖြစ်နေပါသေးတယ်။ သင်ဟာ သင့်လုပ်မိလိုက်တဲ့ အမှားတွေကို သိပါပြီဆိုပြီး သေသေချာချာ တောင်းပန်ပါ။ တောင်းပန်တာဟာ ပြဿနာကို ဖြေရှင်းဖို့ အမြန်ဆုံးပါပဲ။ ဒါပေမဲ့ သေသေချာချာလုပ်ဖို့တော့လိုပါတယ်။ ဒီလိုလုပ်တဲ့ အတွက် ပြန်လည်သင့်မြတ်ပြီး ကောင်းမွန်တဲ့ အခြေအနေတွေကို ပြန်ဖန်တီးနိုင်မှာဖြစ်ပါတယ်။
 
ချစ်သူတိုင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်နဲ့ သာယာတဲ့ဘဝခရီးကို ရွှေလက်တွဲ မြဲမြဲခရီးဆက်နိုင်ကြပါစေ။
 
(ပိုပိုလေး)

21 Dec 2017     1,636 Views




RELATED

Most Popular of Special or Others

Most Popular of Life Style