BEC-TERO TV

မီးသင်္ဂြိုလ်ခဲ့ပြီး တစ်လအကြာ မိသားစုကို လာတွေ့တဲ့ ကွယ်လွန်သူ

22 Dec 2017     1,250 Views


သားဖြစ်သူသေဆုံးသွားတဲ့အတွက် ရုပ်အလောင်းကို မီးသင်္ဂြိုလ်ပြီး တစ်လအကြာမှာ သေဆုံးသွားသူဟာ မိသားစုကို လာတွေ့တာကြောင့် တမိသားစုလုံး ထိတ်လန့်ခြောက်ခြားခဲ့ရတဲ့ သွေးပျက်စရာအဖြစ်ပျက်တစ်ခု ထိုင်းနိုင်ငံမှာ အမှန်တစ်ကယ်ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူ ဆာခရွန်ဆာချီဝါ ဆိုသူဟာ သူ့ကိုမီးသင်္ဂြိုလ်ခဲ့ပြီး တစ်လအကြာ ဒီဇင်ဘာလ (၁၇)ရက်နေ့က ရုတ်တရက် အိမ်ထဲဝင်လာတဲ့အခါမှာတော့ မိသားစုတစ်ခုလုံး တုန်လှုပ်ခြောက်ခြားခဲ့ရတာဖြစ်ပါတယ်။ အားလုံးက သရဲခြောက်ခံရပြီလို့ ခံစားလိုက်ရချိန်မှာ ဆာခရွန်ရဲ့ ညီဖြစ်သူ ချာရွန်လက်ဒီက သူ့ရဲ့ခန္ဓာကိုယ်ကို မဝံ့မရဲနဲ့ တို့ထိကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာ သရဲမဟုတ်ပဲ လူစင်စစ်ဖြစ်နေတဲ့ အခါမှာတော့ မယုံကြည်နိုင်စရာ အဖြစ်တစ်ခု ကြုံခဲ့ရပြီဆိုတာ သိလိုက်ကြရပါတယ်။

ဖြစ်စဉ်ကတော့ ဆာခရွန်ဟာ မိသားစုနဲ့ အဝေးမှာ အလုပ်သွားရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ နန်လောင်းရဲဌါနက ဆာခရွန်ဟာ အစာအိမ်ရောဂါနဲ့ ဆေးရုံးပေါ်မှာ သေဆုံးသွားပြီဟု မိသားစုထံအကြောင်းကြားလာပြီး အလောင်းကို အိမ်ပြန်သယ်ဖို့ ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ဆာခရွန်ရဲ့ ရုပ်အလောင်းကို မေလ ၁၈ ရက်နေ့က သေဆုံးတယ်ဆိုတဲ့ တရားဝင်သေစာရင်းနဲ့အတူ အလောင်းကို အိမ်ပြန်သယ်ခဲ့ကြပါတယ်။

ထုံးတမ်းစဉ်လာအရ အိမ်မှာ သုံးရက်ထားပြီးနောက်မှာ မီးသင်္ဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။ အလောင်းကို အတည်ပြုပေးဖို့ ဆေးရုံကို လိုက်သွားကြည့်စဉ်က ညီဖြစ်သူ ချာရွန်က အလောင်းရဲ့ အရှေ့သွားပုံစံဟာ ဆာခရွန်နဲ့ သိပ်မတူဘူးလို့ ပြောခဲ့ပေမယ့် ရဲတွေက အလောင်းကို အိမ်ပြန်သယ်သွားဖို့သာ တိုက်တွန်းခဲ့ပါတယ်။

တစ်ကယ်တော့ အသက် ၂၉ နှစ်အရွယ် ဆာခရွန်ဟာ ၂၀၁၆ ခုနှစ်က နတ်ခွန်စီသန်မရတ် ဆိုတဲ့မြို့က ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်ကိုင်နေရင်း သူ့ရဲ့မှတ်ပုံတင်ကို အလုပ်တူတူလူပ်ခဲ့ကြတဲ့ မြန်မာတစ်ဦးက ခိုးယူခဲ့တယ်လို့ ဘန်ကောက်ပို့စ်  သတင်းဌါနကို ပြောကြားခဲ့ပါတယ်။
သူဟာ စိစစ်ရေးကာတ်ပြားပျောက်ဆုံးကြောင်း ခနွန်ခရိုင်ရုံးမှာ လျှောက်ထားခဲ့ပြီး ကတ်ပြားသစ်ပြန်လည်ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ အခုဆိုရင် အစိုးရရဲ့တရားဝင်မှတ်တမ်းအရ မေလ ၁၈ ရက် ၂၀၁၇ ခုနှစ်က သူသေဆုံးသွားပြီဆိုတဲ့ မှတ်တမ်းကို ပြောင်းလဲပေးဖို့ ဆန္ဒရှိနေပါတယ်။ မည်သူပင်ဆိုသေကာမူ တစ်စုံတစ်ယောက်သော သူကတော့ သူ့ရဲ့ ကိုယ်ရေးတကိုယ်တာ မှတ်တမ်းအချက်လက် အမည်နဲ့တစ်ကွ မီးသင်္ဂြိုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလူဟာ ဆာခရွန်ရဲ့ နိုင်ငံသားကတ် ခိုးယူခဲ့တဲ့ မြန်မာပဲလား.. ဒါမှမဟုတ် အခြားတစ်ယောက်လား ဆိုတာကိုတော့ ဘယ်တော့မှ သိနိုင်မည်မဟုတ်တော့ပါ။
 


22 Dec 2017     1,250 Views




RELATED

Most Popular of Special or Others

Most Popular of JOB