BEC-TERO TV

ကလေးများ ငါးစားခြင်းဖြင့် ဉာဏ်ရည်မြင့်မားသူတွေဖြစ်လာကြောင်း စမ်းသပ်တွေ့ရှိ

22 Dec 2017     1,297 Views


အမေရိကန်နိုင်ငံရဲ့ လေ့လာတွေ့ရှိချက်အသစ်အရ ကလေးတွေကို တစ်ပတ်တစ်ခါ ငါးပုံမှန်ကျွေးခြင်းဟာ မှတ်ဉာဏ်ကောင်းခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း စတဲ့ကောင်းကျိုးတွေပေးတယ်လို့ သိရပါတယ်။
 
အမေရိကန်နိုင်ငံမှာရှိတဲ့ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှ လေ့လာဆန်းစစ်သူတွေဟာ ကလေးမိဘတွေကို နေ့စဉ် ကျွေးနေကြ အစီအစဉ်ကို အနည်းငယ်ပြောင်းရုံနဲ့ အိပ်ချိန်စားချိန်ကို ပြုပြင်ပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ စမ်းသပ်မှုတစ်ခုအရ ငါးထဲမှာ ပါဝင်တဲ့ Omega 3 အဆီဟာ ကလေးတွေကို မှတ်ဉာဏ်တိုးစေပြီး အိပ်ချိန်မှန်စေကာ IQ လည်းမြင့်မားလာစေပါတယ်။
 
ထပ်မံစမ်းသပ်မှုတွေအရ ငါးစားခြင်း တစ်မျိုးတည်းကသာ ဒီသုံးခုလုံးပေါင်းပြီး တိုးတက်စေတာပါ။ သိပ္ပံပညာရှင်တွေဟာ ဒီစမ်းသပ်မှုကို သက်သေပြဖို့အတွက် အသက် (၉)နှစ်မှ (၁၁)အောက်ကလေး စုစုပေါင်း ၅၄၁ ယောက်ကို အကူအညီတောင်းခဲ့ပြီး ငါးစားတဲ့ ပမာဏနဲ့ယှဉ်ပြီး IQ ဘယ်လောက်တိုးလာတယ်ဆိုတာကို တိုင်းတာခဲ့ပါတယ်။
 
ကလေးမိဘတွေကိုတော့ ကလေးတွေရဲ့ အိပ်ချိန်တွေကို မှတ်တမ်းလုပ်ခိုင်းထားခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့တွေ့ရှိချက်အရ ငါးစားတဲ့ကလေးတွေရဲ့ IQ ဟာ ငါးမစားတဲ့သူတွေထက် ၄.၈ မှတ် ပိုများနေပြီး တစ်ခါတစ်လေမှစားတဲ့ ကလေးတွေတောင် သာမန်ကလေးထက် ၃.၃ မှတ်ပိုများနေပါတယ်။ ထပ်ပြီးတော့လည်း ငါးများများစားတဲ့ ကလေးတွေဟာ သာမန်ကလေးတွေထက် အိပ်ချိန်ပိုများကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

သုတေသနပြုလုပ်သူတွေဟာ ကလေးတွေကို အနည်းဆုံး အသက် နှစ်နှစ်ကစပြီး ငါးကျွေးဖို့ အကြံပြုထားပါ တယ်။ ကလေးတွေကို စောစောငါးကျွေးခြင်းဖြင့် အရသာကိုသိအောင် ကြိုလုပ်ထားတာပိုကောင်းကြောင်း၊ ကလေးအများစုဟာ အနံ့နဲ့ ပက်သက်ပြီး ဂျီကျတတ်တဲ့အတွက်ကြောင့် အလေ့အကျင့်လုပ်ပေးထားခြင်းဟာ ပိုမိုထိ ရောက်ကြောင်း ပြောခဲ့ပါတယ်။

 

(ပိုပိုလေး)


22 Dec 2017     1,297 Views




RELATED

Most Popular of Special or Others

Most Popular of Life Style