BEC-TERO TV

သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

27 Dec 2017     1,431 Views


သခွားသီးက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးပါတယ်။ နွေရာသီမှာဆိုရင်လည်း သခွားသီးကရေဓာတ်ပြည့်ဝစေပါတယ်။ သခွားသီးမှာ ဗီတာမင်အေ၊ ဗီတာ မင်စီ၊ ဖောလစ်အက်ဆစ်တို့ပါဝင်သလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ molybdenum နဲ့ ပိုတက်ဆီယမ် တို့လိုမျိုး သတ္ထုဓာတ်တွေလည်းပါဝင်ပါတယ်။ သခွားသီးမှာတွယ်ဆက်တစ်သျှူးတွေကို အားဖြည့်ပေးနိုုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ silica ပါဝင်နေပါတယ်။ သခွားသီးမှာရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ ascorbic နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ အနာလည်းကျက်စေနိုင်ပါတယ်။ မျက်ရည်အိတ်ဖောင်းတာနဲနေလောင် တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
 
 
အရေပြားကျန်းမာစေနိုင်
သခွားသီးမှာ ဆီလီကာဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် တွယ်ဆက်တစ်သျှူးတွေ၊ ကြွက်သားတွေ၊ အရွတ်၊ အရိုးနုနဲ့အရိုးတွေကိုကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ သခွားသီးမှာရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ သခွားသီးကိုအရေပြားမှာ နေလောင်ကွက်တွေဖြစ်နေတာကိုသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဝက်ခြံနဲ့အရေ ပြားရောဂါအမျိုးမျိုးအတွက်လည်းအသုံးဝင်ပါတယ်။
 
ကျောက်ကပ်ကျောက်တည်တာနဲ့ 
ဝမ်းချုပ်တာကို သက်သာစေနိုင်
သခွားသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်နေတာကြောင့် ဝမ်းချုပ်တာနဲ့ ကျောက်ကပ်ကျောက်တည်တာမျိုး မဖြစ် အောင်ကာကွယ်ပေးပါတယ်။ သခွားသီးကို နေ့စဉ်မှန်မှန်စားပေးမယ်ဆိုရင် အမျှင်ဓာတ်ကိုရရှိစေမှာဖြစ်ပါတယ်။ သခွားသီးမှာ ဗီတာမင်စီ၊ ဆီလီကာ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်နေတာကြောင့် ကျန်းမာရေးကိုုကောင်းမွန်စေပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အာဟာရဓာတ်လည်း ပြည့်ဝစေနိုင်ပါတယ်။
 
 
သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်
သခွားသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတိုးနေရင် သွေးတိုးကျစေနိုုင်ပြီး သွေးပေါင်ချိန်ကိုလည်းထိန်းညှိပေးပါတယ်။ သခွားသီးကို ပင်လယ်စာ၊ အဆီနည်းတဲ့နို့ထွက်ပစ္စည်း၊ အဆီမပါတဲ့ အသား၊ ကြက်သား၊ ဘဲသားတွေနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။ ကြွက်သား၊ အရိုး၊ အရွတ်၊ အရိုးနုနဲ့ အကြောတွေကိုလည်း သန်မာစေနိုင်ပါတယ်။
 
ဆီးချို ထိန်းညှိပေးနိုင်
သခွားသီးက ဆီးချိုသမားတွေစားသုံးပေးသင့်တဲ့ အသီးတစ်ခုပါ။ သခွားသီးမှာ အင်ဆူလင်ထုတ်လွှတ်ပေးတဲ့ ဘီတာဆဲလ်တွေအတွက် လိုအပ်တဲ့ဟော်မုန်းပါဝင်ပါတယ်။ သခွားသီးမှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်နိုင်တဲ့ကာဘိုဟိုက်ဒရိတ်ကို အလွယ်တကူချေဖျက်ပေးနိုင်ပါတယ်။ သခွားသီးက ဆီးချိုကိုထိန်းညှိပေးနိုင်ပါတယ်။
 
 
ကျန်းမာရေးအထောက်အကူ
သခွားသီးက ကိုယ်တွင်းကအဆိပ်အတောက်တွေနဲ့ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့အရာတွေကိုသက်သာစေနိုုင်စွမ်းရှိပါတယ်။ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်းနဲ့ ပန်ကရိယတို့ရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေနိုု င်ပါတယ်။ သခွားသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အာရုံကြောတွေကိုလည်းအနားရစေနိုင်ပါတယ်။ သခွားသီးမှာသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် လက်သည်း၊ ခြေသည်းတွေကွဲအက်တာကိုလည်းသက်သာစေနိုင်ပါတယ်။ သခွားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့် ခန္ဓာကိုယ် အတွက် အကျိုးပြုပါတယ်။
 
 

27 Dec 2017     1,431 Views




RELATED

Most Popular of Health Fix

Most Popular of Life Style