BEC-TERO TV

နှာခေါင်းအလှပြုပြင်ပြီးနောက် ဆီလီကွန်အချောင်းလိုက် ပြန်ဖောက်ထွက်

28 Dec 2017     2,005 Views


ယနေ့ခေတ်မှာ မင်းသားမင်းသမီးတွေ အပါအဝင် နာမည်ကြီးဆယ်လီတွေပါ သူတို့တွေရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းလေးတွေကို ပိုပြီးကြည့်ကောင်းအောင် ပြုပြင်ခွဲစိတ်လာတာတွေ ခေတ်စားလာခဲ့ပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်တဲ့ ကိစ္စဟာ ငွေကုန်ကြေးကျများတာကြောင့် သူတို့ကိုအားကျပြီး ကိုယ်လဲမျက်နှာပြုပြင်ဖို့ စိတ်ကူးမိပြီဆိုရင်တော့ သိပ်လဲဈေးမကြီးသလို အာမခံချက်လည်း မပေးတဲ့ မျက်နှာပြုပြင်ခန်းတွေမှာ မလုပ်ဖို့ အခုအဖြစ်ပျက်လေးက သက်သေပြနေပါတယ်။

ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နှာတံကို ဆီလီကွန်အစားထိုးကာ ခွဲစိပ်ပြုပြင်မှု ပြုလုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ နှာခေါင်းထဲမှာ ထည့်ထားတဲ့ ဆီလီကွန်ဟာ နှာတံနေရာက အသားကို ဖောက်ပြီး ထွက်လာပါတယ်။
အမျိုးသမီးဟာ ဈေးပေါတဲ့ မျက်နှာပြုပြင်ခန်းမှာ လုပ်ခဲ့တဲ့အတွက် အခုလိုဖြစ်ရတယ်ဆိုတာကို နောက်လူများ သိရှိစေရန် မရှက်မကြောက်ပဲ လူမှုကွန်ယက်မှာ ဓါတ်ပုံနဲ့တစ်ကွ ဖော်ပြခဲ့ပါတယ်။

ခွဲစိပ်ခံထားရတဲ့နေရာက ရောဂါပိုးဝင်ပြီး နောက်ပိုင်းမှာ ခုလိုဖြစ်လာကြောင်း ပြောပြခဲ့ပါတယ်။ သူမခွဲစိတ်ပြုပြင်ခဲ့တဲ့ နေရာကိုပြန်သွားပြီး တာဝန်ယူပေးဖို့ ပြောခဲ့လား မပြောခဲ့လားဆိုတာကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ အဲဒီနောက်မှာတော့ ဘန်ကောက်မှာရှိတဲ့ အလှအပပြုပြင်တဲ့ဆေးရုံကို သွားတဲ့အခါမှာတော့ သူမကို အခမဲ့ကုသပေးခဲ့တယ်လို့ သိရပါတယ်။


ဆရာဝန်တွေက သူမရဲ့ အထားထိုးပစ္စည်းကို ထုတ်ယူခဲ့ပြီး ပိုးဝင်နေတာကို ကုသပေးခဲ့ပါတယ်။ လက်ရှိအခြေနေမှာ ဆိုးတာကတော့ သူမရဲ့ နှာခေါင်းထိပ်မှာ မီးတောင်ဝလို အခေါင်းပေါက်ကြီး ကျန်နေခဲ့ပါတယ်။

ဆရာဝန်တွေက နောက်တစ်ဆင့် သူမကို ဘယ်လိုကုသပေးဦးမလဲဆိုတာ စောင့်မျှော်နေဆဲဖြစ်ပါတယ်။ သူမရဲ့ အဖြစ်ပျက်ကတော့ အွန်လိုင်းမှာ သင်ခန်းစာယူစရာတစ်ခုအဖြစ် ပျံ့နှံ့လျှက်ရှိပါတယ်။
 


28 Dec 2017     2,005 Views




RELATED

Most Popular of Special or Others

Most Popular of JOB