BEC-TERO TV

အေးခဲထားသောအသားထုတ်များ စားသုံးခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေများ

30 Dec 2017     1,341 Views


တာရှည်ခံဆေး(နိုက်ထရိတ်) ပါဝင်တဲ့ အေးခဲထားတဲ့ အသားစိမ်းတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် ရလာတဲ့ဆိုကျိုးတွေလိုပဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိပြီး အူမကြီးကင်ဆာဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အစားအစာတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း မျိုးစုံပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်တယ်လို့ အသိပေးခဲ့ပါတယ်။
 
တစ်နေ့ကို တာရှည်ခံဆေး အသုံးပြုထားတဲ့ အသားလွှာနှစ်ချပ်စားခြင်းဟာ  အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၁၈ ရာခိုင်နှုန်းမြင့်တက် စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်ပြခဲ့ပါတယ်။ ပရော်ဖက်ဆာ Chris Elliott ကတော့ မကြာသေးခင်နှစ်များကပဲ အသားစိမ်းတွေဟာ ဆိုးကျိုးဖြစ်နိုင်ချေ ရှိတယ်ဆိုတာကို တွက်ချက်မိတာကြောင့် စတင်စစ်ဆေးခဲ့ပြီး တာရှည်ခံဆိုးဆေးတွေဟာ အသားတွေထက် ပိုမိုဆိုးရွားနေကြောင်း အမှန်တစ်ကယ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 
 
ဗြိတိန်နို်င်ငံမှာရှိတဲ့ အသားကြော်ရောင်းတဲ့သူတွေကတော့ သိပ္ပံပညာရှင်တွေရဲ   အကူအညီတွေနဲ့ အသားစိမ်းနဲ့ အသီးအရွက်တွေကို တာရှည်ခံဆေးမသုံးဘဲ ကြာရှည်ထားနိုင်အောင် ပြုလုပ်နို်င်ခဲ့ပါတယ်။ အသားထဲမှာ အသုံးပြုထားတဲ့ တာရှည်ခံဆိုးဆေးတွေကြောင့်  နှစ််စဉ် လူပေါင်း ၃၄၀၀၀ ခန့် အူမကြီးကင်ဆာခံစားနေရ တယ်လို့ ယူဆထားကြပါတယ်။
 
နိုက်ထရိတ်သုံးတဲ့ ရည်ရွယ်ချက်ကတော့ အသားတွေကို မညိုမည်း မပုပ်သွားစေဖို့အတွက်ဖြစ်ပြီး  ဆယ်နှစ်ခန့် လေ့လာဆန်းစစ်မှုတွေအရ မြေထဲပင်လယ်မှရတဲ့ သစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ အနှစ်တွေဟာ အသားရဲ့ သဘာဝကို မပျက်စီးအောင် ပြုလုပ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
 
ဒါကြောင့်မို့ ဗြိတိန် အသားထုတ်လုပ်သူတွေဟာ စပိန်နိုင်ငံမှာရှိတဲ့ ဓာတုဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီးပြုလုပ်ထားတဲ့  တာရှည်ခံဆေးလုံးဝမပါတဲ့ အသားထုတ်တွေကို ဇန်နဝါရီလကစပြီး စူပါမားကတ်တွေမှာ စတင်ရောင်းချဖို့  ကြေညာထားပါတယ်။
 
ယခုအသစ် ထုတ်လုပ်ထားတဲ့ အသားတွေဟာ နိုက်ထရိတ်၊ တာရှည်ခံဆေးနဲ့ ဓာတ်မတည့်မှု ကင်းတဲ့ ပထမဆုံးအသား ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။ တာရှည်ခံဆိုးဆေးကင်းတဲ့ အသားများကို အစမ်းထုတ်လုပ်ခဲ့ပြီး စားသုံးသူများကို မြည်းစမ်းကြည့်စေခဲ့ရာ နိုက်တြိတ်သုံးထားတဲ့ အသားတွေ ထက်ပိုကောင်းတယ်လို့ မှတ်ချက်ပေးခြင်းခံခဲ့ရပါတယ်။

အကယ်၍ စူပါမားကတ်တွေမှာ အေးခဲထားတဲ့ အသားပြားတွေ၊ အသားလွှာတွေ ဝယ်ယူတော့မယ်ဆိုရင်တော့ နိုက်ထရိတ်မပါဝင်ကြောင်း ဖော်ပြထားတဲ့ အသားထုတ်တွေက မိသားစုရဲ့ ကျန်းမာရေးကို မထိခိုက်စေတာမို့ အိမ်ရှင်မများ အထူးသြိုပုရန် လိုအပ်ပါသည်။


30 Dec 2017     1,341 Views




RELATED

Most Popular of Health Fix

Most Popular of NEWS