BEC-TERO TV

ပြုံချမ်းအိုလံပစ်အရေးဆွေးနွေးရန် မြောက်ကိုရီးယားကို တောင်ကိုရီးယားအဆိုပြု

05 Jan 2018     1,271 Views


မြောက်ကိုရီးယားအားကစားသမားတွေကို ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့စေလွှတ်ဖွယ်ရှိနေတယ်လို့ပြောခဲ့လို့ အိုလံပစ်အရေးဆွေးနွေးဖို့ တောင်ကိုရီးယားဘက်က အဆိုပြုခဲ့ပါတယ်။(၂၀၁၈)ခုနှစ်ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေတဲ့အတွက် ဇန်န၀ါရီလ(၉)ရက်မှာဆွေးနွေးဖို့ မြောက်ကိုရီးယား အဆင့်မြင့် အရာရှိတွေကို တောင်ကိုရီးယားဘက်ကအဆိုပြုလိုက်ပါတယ်။လာမယ့်လမှာ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အားကစားသ မားတွေစေလွှတ်သွားဖို့ စီစဉ်နေတယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ထုတ်ပြောခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က အခုလိုအဆိုပြုခဲ့တာဖြစ်ပါတယ်။
 
 
တောင်နဲ့မြောက်ကိုရီးယား(၂)နိုင်ငံဟာ အဲဒီအားကစားသမားတွေပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အချိန်မဆိုင်းဘဲ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ခေါင်းဆောင်ကင်ကပြောခဲ့ပါတယ်။ခေါင်းဆောင်ကင်ရဲ့ကမ်းလှမ်းမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတာကို လျော့ချဖို့ အခွင့်အလမ်းတစ်ခုလို့ရှုမြင်တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်က အစောပိုင်း မှာ ပြောခဲ့ပါတယ်။နှစ်နိုင်ငံကိုယ်စားလှယ်တွေဟာ နှစ်နိုင်ငံစစ်မဲ့ဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းကျေးရွာမှာ တွေ့ဆုံဆွေးနွေးဖို့ တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်းက ဇန်န၀ါရီလ(၂)ရက်မှာ အဆိုပြုခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးမှုကိုတက်ရောက်ဖို့ရှိမရှိ မြောက်ကိုရီးယားဘက်က အကြောင်း မပြန်ရသေးသလို ဆွေးနွေးမှုပြုလုပ်မယ်ဆိုရင် ဘယ်သူတွေတက်ရောက်ဆွေးနွေးသွားမလဲဆိုတာကို တောင်ကိုရီးယားဘက်က ပြောထားခြင်းမရှိသေးပါဘူး။
 
 
နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးတွေနောက်ဆုံးတစ်ခေါက်ဆွေးနွေးမှုပြုလုပ်ခဲ့တာ ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ် ဒီဇင်ဘာလတုန်းကဖြစ်ပြီး သဘောတူညီမှုတစ်စုံတစ်ရာမရှိဘဲ ဆွေးနွေးမှု ပြီးဆုံးခဲ့တဲ့အပြင် အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုလည်း တိတိကျကျ သတင်း ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။
 
 

05 Jan 2018     1,271 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS