BEC-TERO TV

အနိုင်ဂိုးသွင်းယူပြီး ထုတ်ပယ်ခံခဲ့ရသည့် ဒီယေဂိုကော်စတာ

09 Jan 2018     1,401 Views


အက်သလက်တီကိုမက်ဒရစ်အသင်းကို ယခုဇန်န၀ါရီအပြောင်းအရွှေ့ကာလကမှ တရားဝင်ပြန်လည် ရောက်ရှိနေတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ လာလီဂါပွဲစဉ် (၁၈)အဖြစ် ဂီတာဖေးလ်အသင်းကို အနိုင် ရရှိတဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့သလို အနီကဒ်လည်းပြသခံခဲ့ရပါတယ်။
 
 
ဒီယေဂိုကော်စတာဟာ ဂီတာဖေးလ်အသင်းကို (၂)ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ (၆၈)မိနစ်မှာ အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူခဲ့ပေမယ့် ဂိုးသွင်းအပြီးအောင်ပွဲခံရာမှာ အလွန်အကျိုးအောင်ပွဲခံခဲ့တာ ကြောင့် (၂)၀ါ၊(၁)နီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ ပွဲချိန်(၆၂)မိနစ်မှာလည်း ပြိုင်ဘက်ကစားသမားတစ်ဦးကို တံတောင်နဲ့တွက်မိခဲ့တာကြောင့်အ၀ါကဒ်တစ်ကြိမ်ပြသခံထားရပြီး ပွဲချိန်(၆၈)မိနစ်အနိုင်ဂိုးသွင်းပြီးချိန်မှာလည်း ပရိသတ်တွေဆီပြေးကာ အလွန်အကျူးအောင်ပွဲခံမှုအတွက် နောက်တစ်အ၀ါကဒ်တစ်ကြိမ်ထပ်မံပြသခံရကာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီကတော့ ဒီယေဂိုကော်စတာကို အနီကဒ်ပြသခဲ့တဲ့ ဒိုင်လူကြီးရဲ့လုပ်ရပ်ကိုသဘောတူတယ်လို့ပြောကြားခဲ့ပြီး သူ့ရဲ့အောင်ပွဲခံမှုက အ၀ါကဒ်ပြသ ခံရသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
 
 
ဒါပေမဲ့ ဒီယေဂိုကော်စတာဟာ အသင်းကို အကျိုးပြုနေသူဖြစ်ကြောင်း နဲ့ သူ့ရဲ့လုပ်အားနှုန်းက အသင်းကို များစွာတိုးတက်စေကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဒီယေဂို ကော်စတာဟာ(၂၀၁၇)စက်တင်ဘာလကတည်းကချယ်ဆီးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်း ကိုပြန်လည်ပြောင်းရွှေ့ဖို့သဘောတူထားခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရမှုကြောင့် ဇန်န၀ါရီအပြောင်းအရွှေ့မှ အသင်းအတွက် ပါဝင်ကစားခွင့်ရတာဖြစ်ပါတယ်။ သူဟာ ဂီတာဖေးလ်အသင်းနဲ့ပွဲစဉ်မတိုင်ခင် အက်စပိုတူအသင်းကို(၄)ဂိုးပြတ်အနိုင်ရရှိတဲ့ ဘုရင့်ဖလားပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် အနိုင်ဂိုး(၁)ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။
 

09 Jan 2018     1,401 Views




RELATED

Most Popular of Football

Most Popular of Sport