BEC-TERO TV

မြောက်ဒဂုံ ၃၃ ရပ်ကွက် ဖိနပ်လုပ်ငန်းအိမ် မီးလောင် ၊ နေအိမ် ၃လုံးလောင် ကျွမ်း လူ လေးဦး ဒဏ်ရာရရှိ

09 Jan 2018     1,642 Views


မြောက်ဒဂုံမြို့နယ်၊၃၃ရပ်ကွက် နီလာလမ်းရှိဖိနပ်လုပ်ငန်းလုပ် ကိုင်သည့်အိမ်မှမီးလောင်ကျွမ်းမှု ဇန်န၀ါရီ၈ရက် နံနက် ၈ နာရီ ၁၅ မိနစ် ကဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့်နေအိမ် ၃လုံး နှင့်နှစ်ခြမ်းမီးလောင်ကျွမ်းခဲ့ပြီးလူ ၄ဦးဒဏ်ရာရရှိခဲ့သည်။ဖြစ်စဉ်မှာဇန်န၀ါရီ၈ရက်နံ နက်၈နာရီ၁၅မိနစ်ကနီလာလမ်း အတွင်းရှိအိမ်အမှတ်၆၄၈ ဖိနပ်လုပ်ငန်းလုပ်ကိုင် သည့်အိမ်၏ ဘုရားစင်ပေါ်တွင် ထွန်းထားသောဖယောင်းတိုင်မှာ ဘုရားစင်အောက်ရှိဖိနပ်ကော်ပြု လုပ်ရာ၌ အသုံးပြုသည့်ဆီပုံးပေါ် ပြုတ်ကျရာမှမီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်းမြောက်ဒဂုံမြို့ နယ်မီးသတ်ဦးစီးမှူးရုံးမှဦးစီးမှူးဦး ထိန်လင်းက ဇန်န၀ါရီ၈ရက်တွင်ဒီ မိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
 
 
"အိမ်လေးလုံးပျက်စီးသွားတယ် လို့ပြောလို့မရဘူး။အလယ်အိမ်သုံး လုံးနဲ့ဘေးတစ်ဖက်တစ်ဖက်က အိမ်တွေကအကာတွေ ပဲလောင်လို့ သုံးလုံးနဲ့နှစ်ခြမ်းပဲပျက်စီးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူထဲမှာမီးစ လောင်တဲ့ဖိနပ်လုပ်တဲ့သူကစိုးရိမ် ရတဲ့အခြေ အနေနဲ့ဒဏ်ရာရရှိထား တယ်။မီးလောင်မှုအဆင့်ကတော့ Level-1 သတ်မှတ်ထားပါတယ် " ဟု၎င်း ကပြောသည်။
 
ယင်းဖြစ်စဉ်ကြောင့်အမျိုးသမီး နှစ်ဦးနှင့်အမျိုးသားတစ်ဦးမှာမစိုး ရိမ်ရအခြေအနေဖြင့်စံပြဆေးရုံ တွင်ကုသမှုခံယူနေပြီးဖိနပ်လုပ် ငန်းအိမ်မှအမျိုးသားတစ်ဦးမှာစံပြ ဆေးရုံတွင်စိုးရိမ်ရသည့်အခြေအ နေဖြင့်တင်ထားရာမှရန်ကုန်ဆေး ရုံကြီးသို့လွှဲပြောင်း တင်ပို့လိုက်ရ ကြောင်းဇန်န၀ါရီ၈ရက်နံနက်၁၁ နာရီ၄၅မိနစ်အချိန်ကမြောက်ဒဂုံ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှတာဝန် ရှိသူကပြောသည်။
 
 
ယင်းနှင့်ပတ်သက်ပြီး ၃၃ရပ် ကွက်နီလာလမ်းအနီးနေဒေါ်ခင် ဆွေဝင်းက "မီးကလောင်တာ ကြောက်စရာကြီး။နီလာလမ်းထဲက လူတွေထွက်ပြေးကြတာမှာ တစ်ချို့ ဆိုသေတ္တာတစ်လုံးဆွဲပြီးပြေးတဲ့သူ ကပြေးတစ်ချို့ကျတော့လည်းအ ကျီ င်္တွေပဲယူပြီးပြေးနေ ကြ တယ်။ တကယ်တမ်းဖြစ်လာတော့ဘာ လုပ်လို့ဘာကိုင်ရမှန်းမသိဖြစ် တယ်။အဲလိုမီးလောင်နေတဲ့အချိန် မှာပြေး လွှားနေ ကြတဲ့မြင်ကွင်းက သနားဖို့ကောင်းတယ် " ဟုပြော သည်။
 
 
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၃၀ခန့်ဖြစ်ကြောင်းသိရသည်။ ယင်းမီးလောင်မှုကိုရပ်ကွက်နေ ပြည်သူများကဇန် န၀ါရီ ၈ရက်နံနက် ၈နာရီ၁၅မိနစ်တွင် သတင်းပေးပို့သည့်အတွက်သွား ရောက်မီးငြိမ်းသတ်ခဲ့ရာနံနက် ၈နာရီ၂၄ မိနစ်တွင်မီးထိန်းနိုင်ခဲ့ ပြီး ၈နာရီ၂၅ မိနစ်တွင်မီးငြိမ်းသတ်နိုင် ခဲ့ကြောင်းသိရသည်။
 
အဆိုပါမီးလောင်မှုကို မီးငြိမ်းသတ်ယာဉ်၁၁စီး၊အုပ်ချုပ်မှု ယာဉ်၃စီးနှင့် အထောက်အကူပြု ယာဉ်၃စီးဖြင့်သန္ဓေမီး သတ်တပ် ဖွဲ့ဝင်၆၀ ဦး၊အရန်မီး သတ်တပ်ဖွဲ့ဝင်၃၀ဦး၊သီးသန့်မီး သတ်တပ်ဖွဲ့ဝင်၁၅ဦးတို့ကမီးငြိမ်း သတ်ခဲ့ကြောင်းသိရသည်။
 
 
Credit to TTMT/Democracytoday
မြန်မာ့သတင်းစုံ - Myanmar News

09 Jan 2018     1,642 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS