BEC-TERO TV

အားလပ်ချိန်မှာ ရိုးရာအစာအစာတွေကိုစားသောက်လေ့ရှိတဲ့ မက်ဆီနဲ့ ဆွာရက်ဇ်

11 Jan 2018     1,471 Views


ဘာစီလိုနာအသင်းရဲ့တောင်အမေရိကတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ အားလပ် ချိန်မှာ တောင်အမေရိကတိုက်ရဲ့ရိုးရာအစားအသောက်တွေကိုစားသောက်လေ့ရှိတယ်လို့သိရပါတယ်။အင်္ဂလန်အခြေစိုက် Daily Mail အားကစားသတင်းစာဟာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့အားလပ်ရက်တွေ မှာဖြတ်သန်းမှုပုံရိပ်တွေကိုရေးသားဖော်ပြရာမှာတော့ သူတို့နှစ်ဦးရဲ့သောက်သုံးနေတဲ့အချိုရည်ကို အဓိကထား ရေးသားဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါအချိုရည်ကို အင်္ဂလိပ်လို (Mate) လို့ခေါ်ဝေါ်လေ့ရှိပြီး၊ တောင်အ မေရိကတိုက်ရဲ့ရိုးရာအချိုရည်တစ်မျိုးဖြစ်ပါတယ်။
 
 
Mate ဟာ သာမန်အားဖြည့်အချိုရည်တွေလိုမဟုတ်ပဲ၊ သူ့မှာ ပါဝင်တဲ့ ကဖိန်းဓါတ်ဟာ ကိုယ်ခန္ဓာကိုနိုးကြားတက်ကြွစေတဲ့ ဆေးဓါတ်တွေပါဝင်တာဖြစ်ပါတယ်။ Mate ဟာအ မျိုးသားရော၊ အမျိုးသမီးပါသောက်သုံးလို့ရနိုင်ပြီး၊ မက်ဆီရဲ့တတိယမြောက်ရင်သွေးကိုလွယ်ထားရတဲ့ ဇနီး သည်အန်တိုနယ်လာကပါသောက်သုံးနေတာဖြစ်ပါတယ်။ ဒါ့အပြင်ဆွာရက်ဇ်ဟာလည်း သူ့ရဲ့အားလပ်ချိန်မှာ Mate ကိုအဓိကထားသောက်သုံးလေ့ရှိပြီး၊ မက်ဆီနဲ့ ဆွာရက်ဇ်တို့အနေနဲ့ ဘာစီလိုနာအသင်းမှာအောင်မြင်မှု လျို့ဝှက်ချက်တွေဟာ Mate ကိုသောက်သုံးမှုတွေကြောင့်လားဆိုပြီး၊ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဆောင်းရာသီကာလမှာ စပိန်လာလီဂါဟာ (၂) ပတ်နီးပါးလိဂ်ပြိုင်ပွဲတွေကိုရပ်ဆိုင်းခဲ့ပြီး၊ ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေ နေ့တွေမှ လိဂ်ပြိုင်ပွဲတွေကိုပြန်လည်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
 
 
မက်ဆီနဲ့ ဆွာရက်ဇ်ဟာ အားလပ်ရက်တွေကို အကောင်းမွန်ဆုံးအသုံးချခဲ့ပြီး၊ အသင်းနဲ့ပြန်လည်ပူးပေါင်းချိန်မှာလည်း လီဗန်တေးလ်အသင်းကို (၃) ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ သွင်းဂိုးတစ်ဂိုးစီသွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ဘာစီလိုနာအသင်းဟာ တောင်အမေရိတိုက်မှဘရာဇီးလ်တောင်ပံကစားသမား ကော်တင်ညို ကိုလည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ခေါ်ယူထားခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာတော့ ယခင်ကနေမာရှိတုန်းကလို၊ တောင်အမေရိကတိုက်စစ်မှူး (၃) ဦးအထိရှိလာတော့မှာဖြစ်ပါတယ်။ Mate ဟာ အင်္ဂလိပ်နိုင်ငံတွေမှာလူသိနည်းတဲ့အချိုရည်အမျိုးအစားတစ်ခုဖြစ်ပြီး၊ လက်ဖက်ရည်နဲ့ဆင်တူတဲ့အချိုရည်တစ် မျိုးအဖြစ်လူသိများတာဖြစ်ပါတယ်။
 
 
Mate ကိုတောင်အမေရိကနိုင်ငံတွေဖြစ်ကြတဲ့ ပါရာဂွေးလ်၊ ဥရုဂွေးလ်၊ အာ ဂျင်တီးနား၊ ဘိုလီဗီးယား၊ ဘရာဇီးလ်နဲ့ ချီလီနိုင်ငံတို့မှာတော့ အများစုသောက်သုံးကြပြီး၊ အေဒီ (၁၆) ရာစုက တည်းကထုတ်လုပ်ထားခဲ့တဲ့ ထုတ်ကုန်ပစ္စည်းအမျိုးအစားဖြစ်ပါတယ်။ Mate ဟာရေနွေးနဲ့သောက်သုံးရတဲ့အ ချိုရည်တစ်မျိုးဖြစ်ပြီး၊ တောင်အမေရိကတိုက်ကလူမျိုးတွေအနေနဲ့ အခြားသောအားဖြည့်အချိုရည်တွေထက် ရိုးရာအချိုရည်တစ်မျိုးဖြစ်တဲ့ Mate ကိုသာအများစုသောက်သုံးလေ့ရှိတာဖြစ်ပါတယ်။
 
 

11 Jan 2018     1,471 Views




RELATED

Most Popular of Football

Most Popular of Sport