BEC-TERO TV

မင်းသားလေးဦးနှင့် အလှမယ်များ တွဲဖက်ရိုက်ကူးမယ့်ကား

11 Jan 2018     1,312 Views


 ‘‘ထူးထူးခြားခြားဖြစ်အောင်၊ မင်းသားလေးယောက်ဆုံအောင် ကြိုးစားထားတယ်။ ပရိသတ်အ ကြိုက်တွေ့မယ့် ကားတစ်ကား ဖြစ်မယ်လို့ထင်တယ်။ အစက တော့ လက်ရှိ Current ဖြစ်နေတဲ့ မင်းသမီးတွေသုံးမလို့ပဲ။ ဒါပေမဲ့ ပရိသတ်အမြင်ဆန်းသွားအောင် လို့ Miss (အလှမယ်)တွေနဲ့ ရိုက် ဖို့စီစဉ်ခဲ့တယ်။ အနာဂတ်မျိုး ဆက်အတွက် လမ်းဖွင့်ပေးတဲ့ သဘောပါပဲ။

လူကြီးလူကောင်းများဇာတ် ကားဟာ  Romantic Comedy အချစ်နှင့် ဟာသဇာတ်လမ်းအမျိုး အစားဖြစ်ပြီး သရုပ်ဆောင်များအ နေဖြင့် လွင်မိုး၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ စိုးမြတ်သူဇာနှင့် အလှ မယ်များဖြစ်သည့် မယ်စကြဝဠာမြန်မာ အလှမယ်ရွှေအိမ်စည်၊ စဝ်ယွန်းဝတီဦးနှင့် ယွန်းဝင့်လွှာအောင်တို့က အဓိကသရုပ်ဆောင်များအနေဖြင့် ပါဝင်မှာ ဖြစ်ပါတယ် ။

ဇာတ်ကားရိုက်ကူးရေးကို နှစ်လသတ်မှတ်ထားပါတယ် ။ ရန်ကုန်အပြင် ပြင်ဦးလွင်၊ ချောင်းသာနှင့် အောင်ပန်းမြို့တို့ သို့ သွားရောက်ရိုက်ကူးရန် ယာ ယီသတ်မှတ်ထားပါတယ် ။

‘စရိုက်မယ့်ရက်ကို ပြန်ပြီး အစည်းအဝေးလုပ်ရဦးမယ်။ နယ် မှာသွားရိုက်မှာတွေများတယ်။ နောက်ကလေးမလေးတွေကို လည်း ရီဟာဇယ်ပြန်တိုက်ရဦး မယ်။ ရန်ကုန်ဆင်းန်ကတော့ မကြီးစိုး (စိုးမြတ်သူဇာ) ဆင်းန် တွေလောက်ပဲပါမယ်။ နယ်မှာ တော့ ပိုများပါလိမ့်မယ်။ နယ်မှာ ရှုတင်တည်ရတာ ပိုအဆင်ပြေ တယ်။ Location (ရှုခင်းရှုကွက် နေရာ) လှလှလေးတွေပြချင်လို့ နယ်မှာသွားရိုက်ဖို့ စီစဉ်ထားတာပါ ။

မင်းသားတွေက မကြီးစိုး ကို ချစ်ဟန်ဆောင်ပြီး ပိုက်ဆံလိမ် သွားတဲ့ ပုံစံလေးပေါ့။ အဲဒီပိုက်ဆံ တွေကို ညီမတို့လေးယောက်က ပြန်ပြီး ယူပေးရတာပေါ့။ အဲဒီလို လုပ်တဲ့ကြားထဲမှာ အဖြစ်အပျက် လေးတွေ၊ ရယ်စရာလေးတွေကို ရိုမန်တစ်ဆန်ဆန်လေး ဖန်တီး ထားတာပါ” လို့လဲ သိရပါတယ်။

 The Eyes ရုပ်ရှင်ထုတ် လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမည့် လူ ကြီးလူကောင်းများ ရုပ်ရှင်ဇာတ် ကား ကန်တော့ပွဲပေး အခမ်းအ နားကို ဇန်နဝါရီ ၉ ရက် နံနက်က တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ် ခဲ့သည်။

 

Credit: 7day daily 


11 Jan 2018     1,312 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment