BEC-TERO TV

မြန်မာပြည်က Fast and Furious..!

12 Jan 2018     1,265 Views


ရန်ကုန်မြို့ သာကေတမှာ ဟောလိဝုဒ်ရုပ်ရှင် Fast and Furious ထဲက ပုံစံအတိုင်း မောင်းနှင်သွားလာနေတဲ့ ကုန်တင်ကားပေါ်က ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ နောက်ကနေ လူမြင်ကွင်းမှာ ပေါ်တင်လိုက်ခိုးတဲ့ အဖြစ်ပျက် တစ်ခု ဒီနေ့မနက်ပိုင်းကပဲ ဖြစ်သွားခဲ့ပါတယ်..

“ခုလေးတင်ဖြစ်သွားတာ
ဒေါသလဲထွက် ကြောက်လဲကြောက် ရင်လဲတုန်တယ်
သာ​ကေတမီးပွိုင့်မှာ ကုန်​ကားတစ်​စီး​ပေါ်ကို ဆိုင်​ကယ်​​ပေါ်ကလူ ဖတ်​ခနဲ တက်​သွားတယ်​ ဘာလုပ်​တာလဲ ကား​ပေါ်ကလူလား သူခိုးလားဆိုပီး ငြင်းနေတုန်း ကား​နောက်​ပါသွား​တော့ ဖုန်းနဲ့ထုတ်​ရိုက်​တယ်​ သာ​ကေတဆို​တော့ ​နဲနဲ​တော့လန့်တယ်။

အဲ့ဒီချိန်​မှာပဲ အ​နောက်​ကကား​လေးက ကွယ်​သွားတယ်​ အ​ပေါင်းအပါမှန်းမသိဘူး ရိုးရိုးပဲထင်​တာ တံတားအ​ပေါ်အ​ရောက်​ ပစ္စည်း ထုပ်​ယူပီး ပစ်​ချတယ်​ ဆိုင်​ကယ်​​ပေါ်​မောင်း​ပြေးသွားတယ်​။ ကုန်​ကားကို​ပြောမယ်​အချိန်​အ​ရှေ့က ကားက ပိတ်​ရပ်​ပီး​တံတား​ပေါ်မှာတင်​ ​ကွေ့ချသွားတယ်​.. တံတားကအဆင်း ကုန်​ကားလဲမ​တွေ့​တော့ဘူး မင်္ဂလာ​ဈေးသွားတဲ့ဘက်​ ​ကွေ့သွားတာထင်တယ်​ ဘယ်​လိုမှ လိုက်​​ပြောလို့မရ​တော့ဘူး ဗီဒီယိုဖိုင်​​တော့ရှိတယ်​ ကုန်ကားနံပါတ်​ကြည့်ပီး သိရင်​​ပြော​ပေးကြပါ ကုန်​ကားဆရာ​တော့ ​လျှော်​ရ​တော့မှာ။ ​ဒေါသထွက်​ချက်​ပဲ မြို့လယ်​​​ကောင်​ ​နေ့ခင်းဘက်​လဲ ​ပေါ်တင်​ပဲခိုး​နေကြတာ”


ဟု Phyo Thinzar Kyaw အကောင့်ပိုင်ရှင်က ရေးသားဖော်ပြခဲ့ပါတယ်။
ခိုးချက်ကတော့ Fast and Furious ထိုင်ငိုသွားမယ်...
 


12 Jan 2018     1,265 Views




RELATED

Most Popular of Special or Others

Most Popular of NEWS