BEC-TERO TV

၁၅ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာကူဇာ ဂိုဏ်းချုပ် ထိုင်းနိုင်ငံတွင်ဖမ်းမိ

12 Jan 2018     1,831 Views


ထိုင်းနိုင်ငံရဲတွေဟာ ၁၅ နှစ်ကြာထွက်ပြေးတိမ်းရှောင်နေတဲ့  ဂျပန်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်တစ်ဦးလို့ ယူဆရတဲ့လူတစ်ဦးကို သူ့ရဲ့ကျောနောက်မှာ ထိုးထားတဲ့ တက်တူးပုံကြောင့် သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

 အသက် ၇၂ နှစ်အရွယ် Shigeharu Shirai ဟာ ယာကူဇာ ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ် ပြီး ၂၀၀၃ ခုနှစ်က ဂျပန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဂိုဏ်း ၂ ဂိုဏ်းသတ်ဖြတ်မှုကြောင့် ဂျပန်အာဏာပိုင်များက အလိုရှိလူအဖြစ် စာရင်းသွင်းကြေညာခဲ့ပါတယ်။ သူ့ကို တခြားဂိုဏ်းခေါင်းဆောင်ကို ပစ်သတ်မှုဖြင့် စွပ်စွဲခဲ့ပြီး ရလဒ်အဖြစ် သူ့ရဲ့ အဖွဲ့ဝင် ၇ နှစ်ယောက်ဟာ ထောင် ၁၂ မှ ၁၇ အထိကျခဲ့ကြပါတယ်။ သူကတော့ ထိုင်း နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ကာ ခြေရာဖျောက်နေခဲ့ပါတယ်။ အမည်မဖော်လိုတဲ့ လူတစ်ယောက်က သူ အင်္ကျီချွတ်ပြီး ကတ်ကစားနေတဲ့ပုံကို လူမှုကွန်ယက်မှာတင်ခဲ့ တဲ့အတွက် ဂျပန်ရဲများက ထိုင်း အာဏာပိုင်များနဲ့ ပူးပေါင်းပြီး သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြတ်နေတဲ့ လက်သန်းဟာ ယာကူဇာဂိုဏ်းဝင်တစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေပြီး ကိုယ်တိုင်ကလည်း သတ်ခဲ့ကြောင်း ၀န်ခံခဲ့တဲ့အတွက် ဂျပန်နိုင်ငံကို ပြန်လည်ဖမ်းခေါ်သွားပါတယ်။

မာဖီးယားဂိုဏ်းနည်းတူ ယာကူဇာတွေဟာ ၁၇ ရာစုအစောပိုင်းလောက်က ပေါ်ပေါက်ခဲ့ပြီး လမ်းဘေးကုန်သည်တွေ၊ လောင်းကစားသမားတွေအဖြစ် လှည့်လည်သွားလာနေခဲ့ပါတယ်။ ဂျပန်နိုင်ငံ မတည်ငြိမ်ခင်တုန်းက ယာကူဇာ ဂိုဏ်းဝင်တွေဟာ ဒေါ်လာသန်းနဲ့ချီပြီး ချမ်းသာခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ တရားဝင်မဟုတ်ပေမဲ့ သူတို့ကိုယ်ပိုင်ရုံးခန်းနဲ့ စီးပွားရေးလုပ်ငန်းတွေပါရှိခဲ့ကြပါတယ်။ 


12 Jan 2018     1,831 Views




RELATED

Most Popular of Special or Others

Most Popular of NEWS