BEC-TERO TV

ဒွိဟ ဖြစ်နေတဲ့ မအေးသောင်း

12 Jan 2018     1,317 Views


မြန်မာဝတ်စုံလေးတွေနဲ့ အတူ လူသိပြန်များလာတဲ့ အေးဝတ်ရည်သောင်း ဟာ ဇာတ်ကား အသစ်အတွက် စိတ်ထဲ ဒွိဟ ဖြစ်နေတယ်လို့ သူမရဲ့ အကောင့်မှာ ရေးသားထားတာကိုတွေ့ရပါတယ်

" လက်ထဲကို ဝတ္ထုတစ်အုပ်ရောက်လာတယ်။
ရုပ်ရှင်ရိုက်ဖို့တဲ့။ကိုယ်လုပ်ရမဲ့ ဇာတ်ကောင်က အခုလက်ရှိကိုယ်ရဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်။ 
ဟော့ရှော့မမပေါ့နော်. 

အင်းးးး စိတ်ထဲမှာကတော့ ဒွိဟတွေနဲ့ သရုပ်ဆောင်ဆိုတော့ ဆေးစက်ကျရာအရုပ်ထင်အောင်ကြိုးစားရမှာပဲလေ လို့စဉ်းစားမိတယ်။ ရတဲ့အခွင့်အရေးလေးကို 
အမိအရလေးကြိုးစားပြချင်တာ။ 
ဇာတ်လမ်းလေးကလည်းသိပ်ကောင်းတာလေ။ 
အမျိုးသမီးတွေရဲ့ဘဝအကြောင်းလေး။ အမျိးသမီးတွေ ရုန်းကန်ကြိုးစားပြီး အရှုံးမပေးတတ်တာ။ဇွဲရှိတာလေးတွေလည်းပါတယ်။ စိတ်ကိုခွန်အားဖြစ်စေမဲ့ ဇာတ်လေးပေါ့။

တဖက်ကလည်း ငါဒီလိုတွေဝတ်ရင် မထော်တနန်းတွေများဖြစ်နေမလား။ ကိုယ့်ကိုမြန်မာဝတ်စုံနဲ့ပဲ ကြည့်ချင်ကြတဲ့သူတွေကိုများ မျက်နှာပူစရာဖြစ်မလားလို့ပေါ့။ 
စဉ်းစားရင်း တွေးရင်း.....

အဲ့ဇာတ်လေးရိုက်ဖြစ်ရင်တော့ ကိုယ်အသိပေးပါ့မယ်နော့။
ကိုယ်ဘာစတေးရမလဲ?????” ဆိုပြီး သူမအကောင့်မှာရေးသားထားတာကိုတွေ့ရပါတယ် ။ 

Credit:ayethaung


12 Jan 2018     1,317 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment