BEC-TERO TV

ပေးအပ်ချီးမြင့်ခဲ့တဲ့ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများ

16 Jan 2018     1,298 Views


(၂၀၁၇-၁၈)ဘောလုံးရာသီ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ရာမှာ မန်စီးတီး၊ စပါးနဲ့ ဘုန်းမောက်အသင်းတို့မှ နည်းပြ၊ ကစားသမားများရရှိခဲ့တာဖြစ်ပါတယ်။(၂၀၁၇-၁၈)ဘောလုံးရာသီ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုကို မန်စီးတီးနည်းပြဂွါဒီယို လာကရရှိခဲ့ပါတယ်။ ဂွါဒီယိုလာအနေနဲ့ ဒီဆုကိုရရှိခဲ့တာဟာ ယခုနှစ်ရာသီမှာ (၄)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး (၄)လဆက်ရရှိခဲ့တာဖြစ်ပါတယ်။
 
 
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ဒီဇင်ဘာလအတွင်းယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲမှာ (၆)ပွဲနိုင် (၁)ပွဲသရေရလဒ်ရရှိအောင် စွမ်းဆောင်ထားပြီး မန်စီးတီးအသင်းအနေနဲ့ လည်းရဂိုး(၂၀)ရရှိခဲ့ကာ ပေးဂိုး (၄)ဂိုးသာခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကရရှိခဲ့ပြီး သူဟာ ဒီဇင်ဘာအတွင်းယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲမှာ သွင်းဂိုး(၈)ဂိုးထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
 
 
ဒါ့အပြင်ဟယ်ရီကိန်း ဟာ ဒီဇင်ဘာ(၂၃)ရက်နဲ့(၂၆)ရက်တွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေ၊ ဆောက်သမ်တန်အသင်းတို့နဲ့ပွဲစဉ် တွေမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ အဆိုပါဆုကို ကစားသမားဘ၀ တစ်လျောက်(၆)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး လီဗာပူးဂန္တ၀င်ကစားသမား ဂျရတ်ရရှိထားခဲ့တဲ့စံချိန်နဲ့တူညီသွားခဲ့ တာဖြစ်ပါတယ်။ ဒီဇင်ဘာအတွက် တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကိုတော့ ဘုန်းမောက်အသင်းရဲ့ ၀ါရင့် တိုက်စစ်မှူး ဒီဖိုးကရရှိခဲ့ပြီး ဒီဇင်ဘာလ(၉)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ (၂)ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှ သွင်းဂိုးနဲ့ရရှိခဲ့တာဖြစ်ပါတယ်။
 
 

16 Jan 2018     1,298 Views




RELATED

Most Popular of Football

Most Popular of Sport