BEC-TERO TV

ဓါတ်ပုံဆရာရဲ့ လက်စွမ်းပြချက် ကမ္ဘာကျော်သွားတယ်

17 Jan 2018     1,269 Views


အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်မှ မိသားစုတစ်စုဟာ ပြီးခဲ့တဲ့နှစ် မေလက ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ဦးနဲ့ မိသားစုဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။ အဆိုပါဓါတ်ပုံတွေနဲ့အတူ သူတို့ရဲ့အတွေ့အကြုံအဖြစ်ပျက်လေးက ဖတ်မိသူတိုင်းကို မပြုံးပဲဝါးလုံးကွဲ ရယ်မိသွားစေလို့ အွန်လိုင်းပေါ်မှာ လတ်တလောနာမည်ကြီးနေတဲ့ အကြောင်းလေးဖြစ်နေပါတယ်။

တစ်ရက်မှာတော့ Dave နဲ့ Pam Zaring ဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်ဆီကို သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက မိတ်ဆက်လာပြီး သူမဟာ ပရော်ဖက်ရှင်နယ်ဓါတ်ပုံဆရာတစ်ဦးဖြစ်ကြောင်း ဓါတ်ပုံရိုက်လိုပါက ဈေးသက်သက်သာသာနဲ့ ရိုက်ပေးမယ့်အကြောင်း ပြောလာပါတယ်။
သူတို့နှစ်ဦးဟာ အိမ်ထောင်သက် သုံးနှစ်ရှိပြီဖြစ်ပြီး သားနှစ်ဦးလဲ ထွန်းကားနေပြီဖြစ်လို့ မိသားစုဓါတ်ပုံလေးတော့ ရိုက်ဖို့အချိန်တန်ပြီဆိုပြီး အဆိုပါဓါတ်ပုံဆရာမနဲ့ ဆက်သွယ်ကာ မိသားစုပုံအနည်းငယ်အတွက် ဒေါ်လာ ၂၅၀ နဲ့ အဆင်ပြေခဲ့ကြပါတယ်။

အဲဒီနောက် စိန့်လူးဝစ်မှာရှိတဲ့ ပန်းခြံလေးထဲမှာ Dave ရဲ့ မိခင်အပါအဝင် မိသားစုတွေ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ ဓါတ်ပုံဆရာမက ပုံတွေကို ပိုကောင်းအောင် ပြင်ဖို့လိုသေးတဲ့အတွက် တစ်ပတ်လောက်နေရင် ပို့ပေးလိုက်မယ်လို့ ပြောပြီး ချက်ချင်းမပေးလိုက်သေးပါဘူး။

ဒါပေမယ့် တစ်ပတ်နဲ့လဲ ပုံတွေရောက်မလာခဲ့ပါဘူး အဲဒီကနေ တစ်လ နှစ်လလောက်ကြာတော့ သူတို့လဲ ဒီကိစ္စကို မေ့နေပါပြီ။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ဓါတ်ပုံဆရာမဆီက ဓါတ်ပုံတွေ ပို့လိုက်ကြောင်း အီးမေးရောက်လာပါတယ်။ နောက်ရက်မှာတော့ စာတိုက်ကနေ ဓါတ်တွေပုံပါတဲ့ စီဒီတစ်ချပ်ရောက်လာပါတယ်။

စီဒီကိုဖွင့်ပြီး ဓါတ်ပုံတွေကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ လုံးဝမမျှော်လင့်ထားတဲ့ပုံတွေကို အောက်ပါအတိုင်း တွေ့လိုက်ရပါတယ်။


ဓါတ်ပုံဆရာမကို ပြန်ပြီးဆက်သွယ်တဲ့အခါမှာတော့ ဓါတ်ပုံရိုက်တဲ့နေ့က မျက်နှာတွေအရမ်းအမှောင်ကျနေကြောင်း၊ ဓါတ်ပုံသင်တန်းတက်တုန်းက ဓါတ်ပုံပြုပြင်တဲ့ ပညာကို ဆရာကသေသေချာချာ မသင်ပေးလိုက်ဘူးလို့ ပြန်ပြောပြီး မပြင်ရသေးတဲ့ ပုံတွေလိုချင်ရင်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒေါ်လာ ၂၅၀ နဲ့ တစ်ကမ္ဘာလုံးကို ရယ်မောသွားအောင် လုပ်နိုင်တဲ့ ဓါတ်ပုံတွေဖြစ်လို့ တန်ပါတယ်လို့ Dave က ပြောခဲ့ပါတယ်။
အဲလိုဓါတ်ပုံမျိုးတွေ ထွက်ချင်ရင်တော့ အက်ဒမင်ကို ဆက်သွယ်လိုက်နော်..
 


17 Jan 2018     1,269 Views




RELATED

Most Popular of Special or Others

Most Popular of NEWS