BEC-TERO TV

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဆယ်လီအချို့ကပါ အွန်လိုင်းရှော့ပင်းရောင်းတာဝယ်ယူတာတွေမှာ လိမ်လည်လာကြ

18 Jan 2018     1,318 Views


 အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဆယ်လီအချို့ကပါ အွန်လိုင်းရှော့ပင်းရောင်းတာဝယ်ယူတာတွေမှာ လိမ်လည်လာကြပါတယ်။အွန်လိုင်းရှော့ပင်း ရောင်းချနေတဲ့ မချစ်မို့က အခုအွန်လိုင်းရှော့ပင်းမှာဖြစ်နေတဲ့ ပြဿနာက ပစ္စည်းတွေမှာပြီးမယူဘူးဆိုပြီး ပြောနေတာ တန်ဖိုးကျတော့လဲနှစ်သိန်းကျော်ဖိုး၊ အဲဒီလိုမျိုးကို  အပြင်လူမှာတယ်ဆိုရင်တော့ ပိုက်ဆံကိုအရင်ကြိုတောင်းတယ်၊ အခုတော့ ဆယ်လီနာမည်ကြီးအဆိုတော်ဆိုတာနဲ့ပဲ ပိုက်ဆံမတောင်းဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူးလို့ ပြောပါတယ်။
 
 
လတ်တလော အွန်လိုင်းမှာဖြစ်နေတဲ့ ပြဿနာက အဆိုတော် တစ်ယောက်က ပစ္စည်းတွေကို အွန်လိုင်းရှော့ပင်းပေ့ခ်ျကနေမှာပြီးတော့  အချိန်ကို သုံးလ၊ လေးလလောက်ကြာတဲ့အထိ မယူဘဲထားတာဖြစ်ပါတယ်။ မှာပြီး မယူနိုင်ဘူးလို့ပြောတာမျိုးမဟုတ်ဘဲ တစ်ပတ်တစ်ပတ်ဆိုပြီး အချိန်တွေဆွဲထားတာဖြစ်ပြီး နောက်ပိုင်းမှာ ချက်ဘောက်စ်မှာစကားသွားပြောတော့မှလုံးဝ ပြန်မပြောတော့တာကြောင့် ရောင်းချတဲ့သူဘက်ကနေ blacklist တင်လိုက်တာလို့ သိရပါတယ်။
 
 
အများအားဖြင့် အွန်လိုင်းဆယ်လီ၊ အနုပညာရှင်ဆိုတာက လူတွေက ချစ်လို့ဆယ်လီဖြစ်ကြတာလေ၊ သူတို့က ရှေ့ကနေလိမ်ပြ ညာပြနေမှတော့ တချို့တွေကျတော့ဝယ်တယ်၊ တချို့တွေကျတော့ ဆယ်လီဆိုတဲ့အရှိန်နဲ့ ဈေးရောင်းတယ်၊ အားပေးတဲ့သူတွေရှိတယ်၊ လိမ်လည်တာဆိုရင်တော့ ဘယ်လိုမှမကောင်းနိုင်ဘူးလို့ အွန်လိုင်းရှော့ပင်းရောင်းချနေတဲ့ မချမ်းကပြောပါ တယ်။ အွန်လိုင်းဆယ်လီ တချို့ကလည်းအွန်လိုင်းမှာဈေးရောင်းပြီး ငွေကြိုလွှဲခိုင်းပါတယ်။ မဲဖောက်မယ်ပြောပြီး မဲပေါက်သူတွေကို ပစ္စည်းတွေလာမပို့တာတွေလည်းရှိတယ်လို့ သိရပါတယ်။တချို့ အွန်လိုင်းရှော့ပင်းသမားတွေကျတော့လည်း သည်လိုနာမည်ကြီး သူတွေမှာယူတယ်ဆိုရင် ဘယ်လောက်ဖိုးဖြစ်ဖြစ် ဝယ်ယူပေးပြီး တခြားမှာယူသူတွေကိုတော့ ကျပ် ၃၀,ဝ၀ဝ ကျော်တယ် ဆိုရင် ပစ္စည်းဖိုးကို ကြိုရှင်းခိုင်းတာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
Credit >>> kumudranews

18 Jan 2018     1,318 Views




RELATED

Most Popular of Special or Others

Most Popular of NEWS