BEC-TERO TV

အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေမယ်ဆိုတဲ့ အတွေးမရှိပါဘူးဆိုတဲ့ ဖြူဖြူ

22 Jan 2018     1,261 Views


အနုပညာရှင်တွေတော်တော်များများ မင်္ဂလာပွဲတွေဆင်နွဲနေကြပေမယ့် အပျိုကြီး ဖြူဖြူ ကတော့ ဒီအတိုင်းလေးပဲ ရှိနေပါသေးတယ် ။ “ အိမ်ထောင် မပြုလို့ မဖြစ်ဘူးဆိုတဲ့ စိတ်လည်းမရှိသလို ပြုမှ ဖြစ်မယ်ဆိုတဲ့ စိတ်လည်း မရှိဘူး ။ အရာအားလုံး ဟာ သူ့အချိန်နဲ့ သူ ဖြစ်ကြလိမ့်မယ် ။ အသင့်တော်ဆုံးအချိန်မှာ ဖြစ်တာဟာ အကောင်းဆုံးပဲ ။ ဖြူဖြူမှာ ဖိအားလည်း မရှိဘူး ။ သူများတွေ အားလုံးက မိသားစု တည်ထောင်ကြတာကို သဘောကျတယ် ။ မိသားစုကို ပျော်ပျော်ရွှင်ရွှင်တည်ထောင်ကြတဲ့ သူတွေကို တွေ့ရင် အားကျပါတယ် ။ သဘောလည်းကျတယ် ။ သူတို့တွေ အတွက်လည်း ဆုတောင်းပေးဖြစ်တယ် ။ နောက်ကျနေပြီလားဆိုတဲ့ felling မျိုးတော့ မဖြစ်ဖူးဘူး ။

အရာအားလုံးက သူ့အချိန်နဲ့ သူရှိတယ် ။ ငါ ဒါလုပ်မှ ဖြစ်မယ်ဆိုတဲ့ စိတ်မရှိသလို မလုပ်ပဲ တမင်ကြီးတစ်ယောက်တည်းနေနေတာလဲ မဟုတ်ဘူး ။ ပြီးတော့ ဖြူဖြူတို့ ခရစ်ယာန်တွေ ရဲ့ ယုံကြည်မှုမှာ ကျတော့လည်း လက်ထပ် ထိမ်းမြားတယ်ဆိုတဲ့ အချိန်အနေထိ ရောက်တယ်ဆိုတာ ဘုရားရဲ့ အလိုတော်ပေါ့နော် ။ အဲ့ဒိလိုမျိုးရှိတယ်ဆိုတော့ ဘုရားက သူ့အချိန်နဲ့ သူ အရာရာ အားလုံးကို ပြင်ဆင်ပေးပြီး သားလို့ ဖြူဖြူ ကတော့ ယုံကြည်ပါတယ်” ဆိုပြီး ပြောထားပါတယ် ။ 

Credit:popular


22 Jan 2018     1,261 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment