BEC-TERO TV

သတို့သားအမှတ်နဲ့ သူစိမ်းကို ညမှောင်မှောင်မှာ အလိုလိုက်ခဲ့တဲ့ သတို့သမီး

22 Jan 2018     1,448 Views


သတို့သမီးတစ်ဦးဟာ မင်္ဂလာဆောင်တဲ့ ညမှာပဲ အခြားအမျိုးသားတစ်ဦးကို သူမရဲ့ခင်ပွန်းထင်ပြီး အလိုလိုက် အတူအိမ်မိခဲ့တဲ့ အဖြစ်ပျက်တစ်ခုကြောင့် ဘဝပျက်လုနီးပါး ခံစားသွားခဲ့ရပါတယ်။

မင်္ဂလာပွဲအပြီးမှာ အမူးလွန်ပြီး အိပ်ယာဝင်ခဲ့တဲ့ သတို့သမီးကို တစ်ဖက်သတ်ကြိုက်နေတဲ့ အသက်(၁၈)နှစ်အရွယ် ချန်ဆန်း ဆိုသူလူငယ်က သူမရဲ့ အိပ်ယာထဲသို့ တိတ်တိတ်ဝင်ရောက်ကာ သူမရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ပြီး သားမယားပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ချန်ဆန်းဟာ အဆိုပါ သတို့သမီးကို တစ်ဖက်သတ် ကြိတ်ကြိုက်နေခဲ့သူဖြစ်ပြီး ငွေကြေးဥစ္စာမပြည့်စုံတာကြောင့် ချစ်ရေးပင်မဆိုဝံ့ခဲ့သူဖြစ်ပါတယ်။ သူ့ကြွေနေတဲ့ ကောင်မလေး လက်ထပ်သွားပြီဆိုတဲ့အချိန်မှာတော့ ကြံရာမရတော့ပဲ မစားရတဲ့အမဲ သဲနဲ့ပက်သလို လူမဆန်စွာ ကြံစည်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုညက မီးအလွန်မှောင်မဲနေသလို သတို့သမီးကလည်း မူးနေတဲ့အတွက် ဒီအခွင့်ရေးကို မိမိရရအသုံးချခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ဖြစ်ချင်တော့ သားမယားပြုကျင့်ပြီးနောက် သာယာလွန်းပြီး သတို့သမီးဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

မနက်မိုးလင်းတော့ သတို့သမီးက အိပ်ယာအရင်နိုးတဲ့အချိန်မှာ သူ့ဘေးနားက အမျိုးသားဟာ သူ့ခင်ပွန်းမဟုတ်ကြောင်း သိသွားပြီး ကြောက်လန့်တကြား အော်ဟစ်ရာမှ ‘ချန်ဆန်း’ ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတို့သမီး၏ ယောက်က္ခမဘက်က သူမကို ချွေးမအဖြစ်လက်မခံနိုင်တော့သလို လက်ဖွဲ့တင်ထောင်းထားသည့် မြန်မာငွေ ၁၈ သိန်းကျော် တန်ဖိုးရှိသော ဗီယက်နမ်ပိုက်ဆံ ပြန်ပေးရန်တောင်းခဲ့သည်။
ဒေသခံသတင်းများအရ ချန်ဆန်း ကို ဗီက်နမ်အက်ဥပဒေ ၂၃၉ မုဒိန်းမှုနှင့် တရားစွဲပြီး ထောင်ဒဏ် (၁၀)နှစ်ကျခံရနိုင်ကြောင်း ရေးသားထားသည်။
 


22 Jan 2018     1,448 Views




RELATED

Most Popular of Special or Others

Most Popular of JOB