BEC-TERO TV

ထိုင်းဘောလုံးကလပ်အသင်း Police Tero FC မှာ စတင်ကစားနေတဲ့ အောင်သူ

22 Jan 2018     1,817 Views


မြန်မာ့ဂုဏ်ဆောင် ဘောလုံးလက်ရွေးစင်အားကစားသမားတစ်ဦး ဖြစ်သည့် “အောင်သူ” ဟာ ထိုင်းနိုင်ငံ ဘောလုံးကလပ်အသင်းဖြစ်သည့် “Police Tero FC” တွင် ၂၀၁၈ ခုနှစ်က စတင်ကာ ပါဝင်ကစားနေပြီဖြစ်သည်။

အောင်သူဟာ အသက်(၂၂)နှစ်အရွယ်သာ ရှိသေးပြီး မြန်မာ ယူ-၁၉ အသင်းနှင့် ရတနာပုံဘောလုံးအသင်းတို့၏ ရှေ့တန်းတိုက်စစ်မှူးဟောင်းတစ်ဦးလည်းဖြစ်သည်။ အသက် (၁၃)နှစ်သားအရွယ်တွင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) သို့ တက်ရောက်ခဲ့ပြီး ယူ-၁၆ အသင်းနဲ့အတူ နိုင်ငံတစ်ကာပွဲများ စတင်ကစားခဲ့သည်။

အောင်သူ၏ ကစားနည်းကစားဟန်မှာ ကမ္ဘာကျော်ဘောလုံးသမား “မကိစီ”နှင့် ဆင်တူသည်ဟု ပြောဆိုခိုင်းနှိုင်းခံရလောက်အောင် သေသပ်လှပသော ခြေစွမ်းများဖြင့် ကစားပွဲများတွင် ပြသနိုင်ခဲ့သည်။

အောင်သူ၏ ခြေစွမ်းဖြင့် မြန်မာယူ-၁၉ အသင်းသည် ဖီဖာ ယူ-၂၀ ကမ္ဘားဖလားသို့ မြန်မာဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ် တက်လှမ်းနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးအားကစာသမားဆုကိုလည်း ရရှိထားသူဖြစ်သည်။

အောင်သူကို နိုင်ငံတစ်ကာကလပ်အသင်းများက ငှားရမ်းကစားဖို့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင်းမှာတော့ ထိုင်းနိုင်ငံကလပ်အသင်းတစ်ခုဖြစ်သော Police Tero FC နှင့် တစ်နှစ်တာစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။  

ဆေးစစ်ချက်အောင်မြင်ပြီးနောက် ၂၀၁၇ ဒီဇင်ဘာလအတွင်းမှာ Police Tero FC အဖွဲ့သားများနဲ့ ပူးပေါင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး ယခု ၂၁၀၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ထိုင်းလိဂ်(၁) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ထိုင်းလိဂ်(၁) ပြိုင်ပွဲများအားလုံးကို မြန်မာပရိသတ်များအတွက် ဖွင့်လှစ်ထားသော “Police Tero FC Myanmar Fans” ဖေ့စ်ဘွခ်ပေ့ခ်ျမှနေ၍ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြန်မာဘောလုံးထူးချွန်အားကစားသမား အောင်သူရဲ့ ဘောလုံးပွဲများ မလွတ်တမ်းကြည့်နိုင်အောင် LIKE လုပ်ထားကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

 

Police Tero FC Facebook
 


22 Jan 2018     1,817 Views




RELATED

Most Popular of Football

Most Popular of Sport