BEC-TERO TV

(၂၀၁၈) ခုနှစ်အတွင်းမှာ ပေးဂိုးခွင့်ပြုရမှုမရှိသေးတဲ့ မန်ယူအသင်း

24 Jan 2018     1,279 Views


မန်ယူအသင်းဟာ ဘန်လေအသင်းကို (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ (၂၀၁၈) ခုနှစ် အတွင်း ပေးဂိုးခွင့်ပြုရမှုမရှိသေးဘူးလို့သိရပါတယ်။ မန်ယူအသင်းဟာ ဇန်န၀ါရီလ (၂၀) ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီးနောက်မှာ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
 
 
မန်ယူအသင်းဟာ (၂၀၁၇) ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာခွင့်ပြုပေးခဲ့ရတဲ့ စတီဗင်ဒီဖောရဲ့သွင်းဂိုးပြီးနောက် ပေးဂိုးခွင့်ပြုရခြင်းမရှိတော့တာဖြစ်ပါတယ်။ မန်ယူအသင်းခွင့်ပြုပေးခဲ့ရတဲ့ စတီဗင်ဒီဖောရဲ့အလွတ်တည်ကန်ဘောသွင်းဂိုးပြီးနောက်မှာ (၅၀၄) မိနစ်ကြာပေးဂိုးခွင့်ပြုရမှုမရှိသေးဘူးလို့ သိရပါတယ်။
 
 
မန်ယူအသင်းဟာ ဘန်လေအသင်းကို (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်မှာ ပြိုင်ပွဲစုံပွဲစဉ် (၅) ပွဲယှဉ်ပြိုင်ခဲ့ရာမှာ အဆိုပါပွဲစဉ် (၅) ပွဲစလုံးကိုပေးဂိုးခွင့်ပြုပေးရခြင်းမရှိတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲနဲ့ အက်ဖ်အေဖလားပွဲစဉ် (၁) ပွဲတို့ကိုယှဉ်ပြိုင်ကစားခဲ့ပြီး၊ သွင်းဂိုး (၈) ဂိုးအထိသွင်း ယူနိုင်ခဲ့ပြီး၊ ပေးဂိုးတစ်ဂိုးမှခွင့်ပြုပေးရခြင်းမရှိသေးတာဖြစ်ပါတယ်။ မန်ယူအသင်းဟာအသင်းရဲ့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ဘိုင်လီ၊ လင်ဒီလော့ဖ်နဲ့ ရိုဂျိုတို့ပါဝင်နိုင်ခြင်းမရှိချိန် မှာ ဖီးလ်ဂျုံးစ်နဲ့ စမောလင်းတို့ဟာ စွမ်းဆောင်ရည်ကောင်းတွေပိုင်ဆိုင်ခဲ့ပြီး၊ တည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
 

24 Jan 2018     1,279 Views




RELATED

Most Popular of Football

Most Popular of Sport