BEC-TERO TV

၂၀၁၈ ခုနှစ်အစရဲ့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရထားတဲ့ “The Maze Runner: The Death Cure”

25 Jan 2018     1,419 Views


ကမ္ဘာကျော်သိပ္ပံ အက်ရှင်ဇာတ်ကားကောင်းများထဲက တစ်ကားဖြစ်တဲ့ ‘Maze Runner’ ရဲ့နောက်ဆုံးပိတ်ဖြစ်တဲ့ Maze Runner: The Death Cure ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ကမ္ဘာအနှံ့ ရုံတင်ပြသလာတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Wes Ball မှ ယခုဇာတ်ကားကို ဒေါ်လာ ၈၃ သန်းကျော်အကုန်အကျခံပြီး ရိုက်ကူးထားပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေက ဆက်တိုက်ပြသခဲ့ပြီး ကမ္ဘာ့ပရိသတ်များကို သုံးနှစ်ကြာ စောင့်ဆိုင်းစေခဲ့တဲ့ ဒီရုပ်ရှင်ဟာ လက်တလော ပြ သဖို့ရှိနေတဲ့ ရုပ်ရှင်ကားတွေထဲက ထိပ်ဆုံးကနေ စိတ်ဝင်စားခြင်းခံနေရပါတယ်။

 ဒီဇာတ်ကားဟာ Maze Runner ရဲ့ ဇာတ်လိုက်မင်းသား Dylam O’Brien ရဲ့ တစ်နှစ်ကျော်လောက် ကုသလိုက်ရတဲ့ ရိုက်ကွင်းမတော်တဆမှုကြောင့်    သုံးနှစ်တာကြာခဲ့ရပြီး ယခုဆိုရင်တော့ တရားဝင်ပြသရက် နီးလာခဲ့ပါပြီ။

ဒီဇာတ်ကားမှာ မင်းသားဟာ Last City ကို ဖောက်ဖျက်ပြီး သူ့သူငယ်ချင်းတွေကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာနဲ့ (Flare) ရောဂါပိုးရဲ့ ဖြေဆေးကိုရှာပြီး Last City ထဲက ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကို လာမဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ကမ္ဘာအနှံ့ 20th Century Fox ကနေ စတင်ပြသလာတော့မှာဖြစ်ပါတယ်။


25 Jan 2018     1,419 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment