BEC-TERO TV

မထင်မှတ်ထားတာတွေနဲ့အဆုံးသတ်ခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့

05 Feb 2018     1,284 Views


ယခင်နှစ်တွေကဆောင်းရာသီအပြောင်းအရွှေ့ဆိုဟာ အသင်းအချို့လောက်သာအပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပေမယ့်လည်း လက်ရှိပိတ်သိမ်းသွားခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာတော့ အသင်းကြီးအများစုပါ ၀င်ပတ်သတ်ခဲ့ကြတာဖြစ်ပါတယ်။ (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ အံ့အားသင့် စရာအပြောင်းအရွှေ့တစ်ခုစတင်ဖြစ်ပေါ်ခဲ့ပြီး၊ လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်း နောက်ခံလူဗန်ဒိုက်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၇၅) သန်းနဲ့ခေါ်ယူခဲ့ တာဖြစ်ပါတယ်။
 
 
ဒါ့အပြင်လီဗာပူးလ် အသင်းဟာ ကစားသမားတစ်ဦးကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ် ယူခဲ့ပြီး နောက်မှာ အသင်းရဲ့ Key Player ကစားသမားဖြစ်တဲ့ ကော်တင်ညိုကိုလည်း ဘာစီလိုနာအသင်းထံက လပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၁၄၂) သန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ထင်မှတ်မထား တဲ့အပြောင်းအရွှေ့အဖြစ် အာဆင်နယ်အသင်းတောင်ပံကစာသမား ဆန်းချက်ဇ်နဲ့ မန်ယူအသင်းတောင်ပံ က စားသမား အမ်ခစ်တာယန်းတို့ရဲ့အပြောင်းအရွှေ့ပုံပြင်ပဲဖြစ်ပါတယ်။
 
 
ဒါ့အပြင် ပြောင်းရွှေ့ကြေးများစွာ အသုံးပြုလေ့မရှိတဲ့ အာဆင်နယ်အသင်းနဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းကိုသာပြောင်းရွှေ့ မယ်လို့ဖွင့်ဟထားခဲ့တဲ့ ဒေါ့မွန်အသင်း တိုက်စစ်မှူးအူဘားမီးယန်းရဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းနဲ့ ဒေါ့မွန်အသင်းတိုက်စစ်မှူးအူဘားမီးယန်းရဲ့အပြောင်းအရွှေ့ဟာ သတင်းမျိုးစုံထွက်ပေါ်နေခဲ့ပြီး၊ အာ ဆင်နယ်အသင်းကိုပြောင်းရွှေ့လာမှာမဟုတ်ဘူးလို့ပေးခဲ့တဲ့ထင်ကြေးတွေတောင်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လည်းအပြောင်းအရွှေ့ရဲ့နောက်ဆုံးရက်မှာတော့ အူဘားမီးယန်းကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၅၆) သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
 
ဒါ့အပြင်မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို နှစ်စဉ်နှစ်တိုင်း အသုံးပြုတက်တဲ့ မန်စီးတီးအသင်းဟာလည်း အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ဘီဘာအိုလ်အသင်းနောက်ခံလူ လာပေါ်တီကို ပြောင်းရွှေ့ကြေးပေါင် (၅၇) သန်းနဲ့ခေါ် ယူခဲ့သေးတာဖြစ်ပါတယ်။

05 Feb 2018     1,284 Views




RELATED

Most Popular of Football

Most Popular of Sport