BEC-TERO TV

၂ပတ်အတွင်း ကြည်လင်စိုပြေသော အသားရေ ရရှိစေဖို့

05 Feb 2018     1,966 Views


ပိတ်ရက်မှာ ခရီးသွားလို့ ၊ နေပူသွားတာတွေ များလို့ အသားရေ နေလောင်ပြီး အသားရောင် မညီညာပဲ ညိုသွားလို့ စိတ်ညစ်နေပါသလား??   ဒါဆိုမပူပါနဲ့တော့ အသားလေး အရင်ထက် နူးညံ့ပြီး ၂ပတ်အတွင်း ကြည်လင်စိုပြေစေဖို့ နည်းလမ်းကောင်းလေးရှိပါတယ်။အသားဖြူဖို့ထက်အသားလေး ကြည်ပြီး စိုနေတာကိုပိုပြီးကြိုက်နေလို့ skin care product နဲ့ သဘာဝအတိုင်းအသားရေထိန်းသိမ်းမှုလေးတွေ ကိုပဲ ညွှန်းပေးချင်ပါတယ်။
Ok! ဒါဆို နည်းစနစ်တကျ ဘယ်လိုတွေ Skin Care လုပ်မလဲ ဆိုတာလေး စပြီးပြောပြပါမယ်။
 
-ပထမဆုံး အရေပြား အပေါ်ယံလွှာရှိ ဆဲလ်အသေများဖယ်ရှားဖို့Scrub လေး တစ်ပတ်၂ခါ ၃ခါလောက်လုပ်ပေးသင့်ပါတယ်။ဒါမှသာ မိမိ အပေါ်က လိမ်းသမျှ က ကပိုပြီး ထိရောက်စေမှာ ဖြစ်ပါတယ်။Scrub နုနုလေးတွေ သုံးဖို့တော့ အကြံပေးပါရစေ။အသင့်ထုတ်ထားတဲ့ Scrub အရည်၊အမှုန့် မရှိရင်လည်း သကြား (သို့) ဆားကို ပျားရည် အနည်းငယ်၊သံပုရာတစ်စိတ် ညှစ်ပြီး မိမိအသားရေပေါ် ရေနဲနဲဆွတ် ပြီး အပေါ်က အသာအယာပွတ်ပြီး ၅မိနစ်လောက်နေရင် ရေဆေးချပေးရပါမယ်။ဒါဆို အရေပြားနူးညံ့ပြီး Dead Cell တွေဖယ်ရှားပြီးပြီ မလို့ အပေါ် မိမိတိုက်မဲ့ ဆပ်ပြာ lotion တို့ရဲ့ အာနိသင်ကို ပိုမိုရရှိစေမှာပါ။
 
-ဒါ့အပြင် မိမိနေ့စဉ်တိုက်မဲ့ ဆပ်ပြာကိုလည်း သေချာရွေးချယ် အသုံးပြုသင့်ပါတယ်။အသားရေ စိုပြေ ကြည်လင်စေဖို့ အကောင်းဆုံးကတော့ နို့ရည်နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ(သို့) Shea Butter ပါတဲ့ ဆပ်ပြာ (သို့) Vitamin C ကြွယ်ဝသော ခရမ်းချဉ်သီး ၊ Lemon တို့နဲ့ ပြုလုပ်ထားသော ဆပ်ပြာလေးတွေကို ပိုမို အသုံးပြုသင့်ပါတယ်။
 
- ရေချိုးပြီးပြီးချင်း Lotion ကိုသေချာ နိုပ်နယ် လိမ်းပေးခြင်းက အသားရေ ပိုမို ကြည်လင် ၀င်းပစေသော အဓိက အချက်တစ်ချက်ပါ။ဒါအပြင့် ရေကိုလုံးဝ ခြောက်မသွားခင် Lotion လိမ်းပေးခြင်းဖြင့် ပိုမို စိုပြေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။
 
 
-Lotion ရွေးချယ် ဖို့ကို သေချာဂရုစိုက်စေချင်ပါတယ်။ကိုယ်က နေပူထဲထွက်တော့မယ်ဆိုရင် SPF ပါပြီး အရမ်း မပြစ်ပဲ အသားထဲ စိမ့်ဝင်လွယ်တဲ့ lotionမျိုးကို လိမ်း သင့်ပါတယ်။ SPF ပါတဲ့ နေလောင်ဒဏ်ကာကွယ်တဲ့ lotion လိမ်းထားတယ်ဆိုပြီး နေပူထဲထီးမပါ။အကာအကွယ်မပါ မသွားပဲ အနွေးထည်ပါးပါး ပဝါပါးပါးလေးတွေ လောက်တော့ ဝတ်ဆင်ပြီးသွားခြင်းဖြင့်အသားရေကို သေချာထိန်းသိမ်းပေးပါ။
 
-ညအိပ်ခါနီး ဆိုရင်တော့ အသားရေကို အာဟာရဖြည့်တင်းပေးနိုင်တဲ့ Vitamin E &C များများ ပါဝင်သော Lotion မျိုးကို ရွေးချယ်လိမ်းပေးသင့်ပါတယ်။
 
-တစ်ပတ် နှစ်ခါပေါင်းတင်တဲ့ အနေနဲ့ Olive Oil (သံလွင်ဆီ) နှင့် ပျားရည်ရောပြီး ၃မိနစ်ခန့် အသားထဲ စိမ့်ဝင်သွားအောင်လိမ်းပေးရပါမယ်။
 
-နောက်ပြီး အသားရေခြောက်တဲ့ အခါတိုင်း အသားရေစိုပြေစေသည့် Body Mist လေးတွေဖြန်းပေးရပါမယ်။အသားရေဖြူဝင်းချင်ရင်တော့ Whitening ပါတဲ့ Body Mist လေးတွေ (ဥပမာ-Rose Water Mist) လေးတွေ အသားရေခြောက်တိုင်း ဖြန်းပေးသင့်ပါတယ်။
 
-ကဲ အခုဆို အပြင်ပိုင်းကနေ စောင့်ရှောက်နည်းလေး တွေပြောပြီးပြီ ဆိုတော့ ကိုယ်ခန္ဒာအတွင်းပိုင်းကနေပြီး အပူအပုတ် အဆိပ်အတောက်ကင်းပြီး အသားရေစိုပြေစေရန် သောက်သုံးသင့်တာလေးတွေကို ပြောပြပေးပါမယ်။
 
 
-အသားရေစိုပြေ စေသော Beauty Supply ဆေးများသောက်သုံးတဲ့ ပိုမိုထိရောက် သိသာစေရန် Detox လုပ်ပေးသင့်ပါတယ်။အဆီအဆိမ့် များနှင့် အခြား ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကိုရှောင်ကြဉ်ကာ ၀မ်းမှန်စေသော အသားရေပိုမိုစေသော အစားအသောက်များကို စားသုံးပေးခြင်းဖြင့် အဆိပ်အတောက်များ ဖယ်ရှားခြင်းဖြင့် Detoxification လုပ်ပေးလို့ရပါတယ်။အစားအသောက် မရှောင်ချင်ရင်တော့ Detox Drink လေးတွေ City Care က ဆေးဆိုင်လေးတွေမှာ မေးပြီး သောက်လို့ရပါတယ်။Detox လုပ်ခြင်းဟာ အသားရေအတွက် ကောင်းမွန်ရုံသာမက အဆီကျလို့ သွယ်လျှလှပသော ကိုယ်ခန္ဒာကို အလျင်အမြန်ရရှစေပါတယ်။
 
-Detox လုပ်ပြီးပြီ ဆိုရင်တော့ အသားရေအတွက် လိုအပ်သော Collagen ၊ Vitamin E & C ကြွယ်ဝစွာပါဝင်သော အသီးဖျော်ရည် ၊ ဖြည့်စွက် အာဟာရများ နှင့် အသားရေကို ပိုမို ဖြူဝင်းစေသော Gluta ပါဝင်သည့် စိတ်ချ ယုံကြည်ရသော သောက်ဆေးများကို သောက်သုံးပေးသင့်ပါတယ်။
 
 
-မပါမဖြစ်ဆို သလို ရေသောက်ခြင်းဟာ တကယ့်ကို စိုပြေ နူးညံ့သော အသားရေကို ရရှိစေလို့ နေ့စဉ် ရေ ၂ဘူးခန့်သောက်သုံးပေးသင့်ပါတယ်။
 
-နောက်ဆုံး အနေနဲ့ အိပ်ရေးအပျက်မခံပါနဲ့။အိပ်ရေးပျက်ရင် အသားရေတွေခြောက်ပြီး လျော့ရွဲတတ်လို့ အိပ်ရေးဝဝအိပ်ပြီး နုပျိုလန်းဆန်းသော အသားရေကို ရယူလိုက်ပါ။
 
အားလုံးပဲ အမြဲ ကျန်းမာစိုပြေတဲ့ အသားရေကို အမြဲပိုင်ဆိုင်နိုင်ပါစေရှင်။
 
Credit .... POSH Magazine

05 Feb 2018     1,966 Views




RELATED

Most Popular of Health Fix

Most Popular of Life Style