BEC-TERO TV

လာလီဂါမှာ ပင်နယ်တီကန်သွင်းခွင့်လုံးဝမရရှိသေးတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း

08 Feb 2018     1,325 Views


အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ပင်နယ်တီလုံးဝမရ ရှိသေးတဲ့အသင်းဖြစ်ပြီး လာလီဂါသွင်းဂိုးတွေမှာ ပင်နယ်တီသွင်းဂိုးတစ်ဂိုးမှ ပါဝင်ခြင်းမရှိတာဖြစ်ပါတယ်။အက် သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး(၃၃)ဂိုးသာ ရရှိထားတာဖြစ်ပြီး လာလီဂါအသင်းကြီးတွေထဲမှာ သွင်းဂိုးအနည်းဆုံးအသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။
 
 
အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ မကြာခဏပြစ်ဒဏ်ကျူးလွန်ခံနေရပေမယ့် ပင်နယ်တီကန်သွင်းခွင့် လုံးဝမရရှိခဲ့တာဖြစ်ပါတယ်။ လာလီဂါအမှတ်ပေး ဇယားထိပ်ဆုံးကအက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ပြိုင်ဘက်အသင်း တွေဟာ ပင်နယ်တီကန်သွင်းခွင့် များစွာရရှိခဲ့ပြီး အမှတ်ဇယား အဆင့်(၁)နေရာမှ ဘာစီလိုနာအသင်းက ပင်နယ်တီ(၄)ကြိမ်၊ အမှတ်ပေးဇယား အဆင့်(၃)နေရာမှ ဗလင်စီယာ အသင်းက ပင်နယ်တီ(၅)ကြိမ်နဲ့ အဆင့်(၄)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းက ပင်နယ်တီ(၄)ကြိမ်အထိရရှိခဲ့ ကြပါတယ်။
 
 
ပင်နယ်တီသွင်းဂိုး လုံးဝမရသေးတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းဟာ ယခင်ကလို ဂရစ်ဇ်မန်း တစ်ဦးတည်း ကိုသာ အားထားနေရတာမဟုတ်ပဲ အသင်းရဲ့တိုက်စစ်မှူးဟောင်း ကော်စတာ ဟာလည်း အသင်းထံပြန်လည်ရောက်ရှိလာခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီဝက် ကာလကထက် အင်အားပိုမို တောင့်တင်းလာဖို့ရှိနေပါတယ်။အက်သလက်တီကိုမက်ဒရစ် အသင်းဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ ရမှတ်(၄၉)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည်နေပြီး အဆင့်(၁)နေရာက ဘာစီလိုနာအသင်းနဲ့ ရမှတ်(၉)မှတ် အထိကွာဟနေဆဲဖြစ်ပါတယ်။
 
 
 

08 Feb 2018     1,325 Views




RELATED

Most Popular of Football

Most Popular of Sport