BEC-TERO TV

မိကျောင်းကြီးတစ်ကောင်နဲ့ နှစ် ၂၀ ကျော်အတူနေထိုင်တဲ့ မိသားစု

08 Feb 2018     1,298 Views


အင်ဒိုနီးရှားနိုင်ငံ ဂျာဘားကျွန်းအနောက်ပိုင်းမှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ ၈ပေ ၈လက္မခန့် ကြီးမားရှည်လျားတဲ့ မိကျောင်းတစ်ကောင်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ အိမ်မှာမွေးထားပြီး အတူနေထိုင်လျှက်ရှိပါတယ်။

ယခု အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်လောင် ဆိုသူဟာ သူငယ်စဉ်ကတည်း တံငါသည်တွေဖမ်းမိလာတဲ့ မိကျောင်းသားလေးတစ်ကောင်ကို အင်ဒိုနီးရှားရူပီး ၂၅,၀၀၀ (ကျပ် ၂,၄၄၂) နဲ့ ဝယ်ယူခဲ့ပြီး မိကျောင်းရဲ့ အမည်ကို ‘ကိုဂျက်’ လို့ပေးပြီး သူ့ရဲ့ နေအိမ်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို မွေးမြူခဲ့ပါတယ်။

နှစ်ပေါင်း ၂၀ အတွင်းမှာ မိကျောင်းဟာ ကီလို ၂၀၀ လောက်အလေးချိန်ရှိတဲ့ အကောင်ကြီးဖြစ်လာပေမယ့် မိသားစုဝင်တွေကို ထိခိုက်နာကျင်အောင် တစ်ခါမှ မလုပ်ဘူးလို့ မိုဟာမက်ကဆိုပါတယ်။ မိကျောင်းကြီး ‘ကိုဂျက်’ ကြောင့် သူတို့ဟာ ထင်ပေါ်ကျော်ကြားလာပြီး မိကျောင်းနဲ့သူတို့ ဘယ်လိုနေထိုင်ပြုမူလဲဆိုတာကို အဝေးကနေတောင် လာကြည့်ကြတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

အခုဆိုရင် အရှည် ၈ ပေ ၈ လက္မရှိနေပြီဖြစ်တဲ့ မိကျောင်းကြီးကို အိမ်ရှေ့ ဘေးရေကပြင်လေးမှာပဲ အကာအရံမရှိ မွေးမြူထားပြီး သူတို့ရဲ့ ကလေးတွေဖြစ်တဲ့ အသက် ၂ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးနှစ်ယောက်နဲ့ အနီးနားမှာပဲ မိကျောင်းက ရှိနေပါတယ်။

မိကျောင်းစာအဖြစ် ရွှေငါးတွေကို ကျွေးမွေးပြီး တစ်ပတ်လျှင် ရူပီး ၅၀,၀၀၀ (ကျပ် ၄,၈၈၄) ခန့်ကုန်ကျပါတယ်။ မိကျောင်းနဲ့ အတူနေထိုင်တဲ့ သူတို့မိသားစုကို သြစတြေးလျ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကတောင် လာရောက်ကြည့်ရှုကြပြီး အချို့က မိကျောင်းကြီး ‘ကိုဂျက်’ကို ရူပီး ၁ သန်းနဲ့ ပြန်လည်ရောင်းဖို့ ပြောလာပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ မိကျောင်းကြီးဟာ သူရဲ့မိသားစုဝင် တစ်ယောက်လို ဖြစ်နေတာကြောင့် မရောင်းနိုင်ဘူးလို့ မိုဟာမက်က ငြင်းပယ်ခဲ့ပါတယ်။

နှစ်ပါင်း ၂၀ ကျော်လာခဲ့ပေမယ့် မိကျောင်းကြီး ‘ကိုဂျက်’ ဟာ ငယ်ရွယ်သေးတဲ့ ရေငန်မိကျောင်းတစ်ကောင်သာ ရှိပါတသေးတယ်၊ ဒီထက်ပိုမိုကြီးမားလာဖို့ရှိပြီး အဲ့ဒီအခါကျရင်တော့ အခုလို ရွှေငါးလေးတွေ စားရုံနဲ့ လုံလောက်တော့မယ် မထင်ပါဘူး အဲဒီအခါကျရင် မိုဟာမက်တစ်ယောက် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
 


08 Feb 2018     1,298 Views




RELATED

Most Popular of Special or Others

Most Popular of NEWS