BEC-TERO TV

လက်ဖက်ရည်ပူပူသောက်ခြင်းက အစာပြွန်ကင်ဆာဖြစ်နိုင်မှု မြင့်မား

08 Feb 2018     1,558 Views


ယခုနောက်ဆုံး လေ့လာဆန်းစစ်ချက်အသစ်အရ လက်ဖက်ရည်/ရေနွေးကြမ်း ပူပူသောက်သုံးသူများတွင် ကင်ဆာဖြစ်နေခြေမြင့်မားကြောင်း တွေ့ရှိရသည်။ အကယ်၍ လက်ဖက်ရည်ပူပူလည်းသောက်မည်၊ အရက်လည်းအလွန်အကျွံသောက်သုံးသူများတွင် အစာပြွန်ကင်ဆာ ဖြစ်ပွားစေနိုင်မှု ၅ ဆ ပိုမိုမြင့်တက်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
 
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ဟာ ကင်ဆာရောဂါဖြစ်ပွားစေကြောင်း အစကနဦးထဲက သိရှိခဲ့ပြီးဖြစ်သော်လည်း နေ့စဉ် လက်ဖက်ရည်အပူ၊ လက်ဖက်ခြောက်ပါသော ရေနွေးကြမ်းအပူတို့ကို သောက်သုံးမည်ဆိုပါကလည်း ကင်ဆာဖြစ်နိုင်ကြောင်း အသစ်ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အစာပြွန်ကင်ဆာ ဖြစ်ပြီဆိုပါက အသက်ရှင်မှု အလွန်နည်းပါးပြီး ယူကေတွင် နှစ်စဉ် လူနာပေါင်း ၉,၂၁၁ ယောက် အစာပြွန်ကင်ဆာ ဖြစ်ပွားရာ ၇,၈၀၀ သေဆုံးခဲ့ကြောင်း စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ အဆိုပါကင်ဆာရောဂါဖြစ်ပွားသူ၏ ၁၅% သာ ၅နှစ်ခန့် အသက်ရှင်သန်နိုင်သည်။
 
တရုပ်နိုင်ငံတွင် အသက် ၃၀ မှ ၇၉ နှစ်ကြား လက်ဖက်ရည်သောက်သုံးသူပေါင်း ၄၅၆,၁၅၅ ကို ကိုးနှစ်ကြာ လေ့လာခဲ့ပြီးနောက် အဆိုပါသတိပေးချက် ထွက်ပေါ်လာခဲ့သည်။
 
အပူရှိန်မြင့်မားသော လက်ဖက်ရည်/လက်ဖက်ရည်ကြမ်းကို အရက်၊ ဆေးလိပ်တို့နဲ့ တွဲဖက်သောက်သုံးသောကြောင့် ကင်ဆာဖြစ်ပွားနိုင်မှုနှုန်းသည် လက်ဖက်ရည်ပူပူသာ သောက်သုံးသဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေထက် အကြီးအကျယ် မြင့်မားကြောင်း တွေ့ရှိရသည်။
 
တရုပ်နိုင်ငံမှ Dr Canqing Yu နှင့် အမျိုးသားသဘာဝသိပ္ပံဖောင်ဒေးရှင်းမှ လုပ်ဖော်ကိုင်ဖက်တို့က ဆေးပညာဂျာနယ်တွင် အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
 
“စမ်းသပ်ချက်အရ တစ်ပတ်မှာ ရေနွေးကြမ်းနဲနဲ၊ အရက် ၁၅ဂရမ် နေ့တိုင်းသောက်သုံးတဲ့လူထက် ရေနွေးပူပူနဲ့ အရက် ၁၅ဂရမ် နေ့တိုင်းသောက်သူက အစာပြွန်ကင်ဆာဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ လက်ဖက်ရည်/လက်ဖပ်ရည်ကြမ်းတို့ကို နှစ်သက်သည် ဆိုသည့်တိုင်း ပူပူလောလောကြီး တစ်ဖူးဖူးမှုတ်ကာသောက်သည့် အလေ့ကို အထူးရှောင်ကျဉ်ရမည်ဖြစ်ပါတယ်။ မိမိပတ်ဝန်ကျင်နဲ့ မိသားစုဝင်တွေအားလုံးလဲ သိရှိအောင် လက်ဆင့်ကမ်း ဝေမျှပေးရင် လူသားအားလုံး ကျန်းမာအောင် ကူညီလိုက်ကြပါစို့။
 


08 Feb 2018     1,558 Views




RELATED

Most Popular of Health Fix

Most Popular of Life Style