BEC-TERO TV

တိုယိုတာထိုင်းလိဂ်ပြိုင်ပွဲအစတွင် ပထမဦးဆုံးဂိုးကို အောင်သူသွင်းယူနိုင်ခဲ့

13 Feb 2018     1,342 Views


ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် တိုယိုတာထိုင်းလိဂ် ပထမဦးဆုံး ပွဲဦးထွက်ယှဉ်ပြိုင်မှုတွင် ပထမဦးဆုံးဂိုးကို အောင်သူသွင်းယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သော အောင်သူအား ထိုင်းနိုင်ငံကလပ်အသင်းတစ်ခုဖြစ်သည့် Police Tero FC အသင်းနှင့် စာချုပ်ချုပ်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ (၁၁) ရက်နေ့က Police Tero FC အသင်းနှင့် PT Prachuap FC အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၀ အောင်သူမှ ဗွေဆော်ဦးဂိုးကို ပထမပိုင်းမှာတင် Police Tero FC အသင်းတွက် သွင်းယူနိုင်ခဲ့သည်။

အောင်သူ၏ ယှဉ်ပြိုင်ကစားမှုများကို ထိုင်းအသင်းကစားသမားများကိုယ်တိုင် သဘောကျနှစ်ခြိုက်ရသည်ထိ ထူးချွန်သော မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးလည်းဖြစ်သည်။

အောင်သူပါဝင်ယှဉ်ပြိုင်ကစားနေသော ထိုင်းတိုယိုတာလိဂ် ပြိုင်ပွဲများကို ကြည့်ရှုလိုပါက Police Tero FC ဖေ့စ်ဘွခ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

>> POLICE TERO FC
 


13 Feb 2018     1,342 Views




RELATED

Most Popular of Football

Most Popular of NEWS