BEC-TERO TV

ဆယ်အိမ်မှူးဇနီးနဲ့ သမီးနှစ်ဦးက အမျိုးသမီးကြီးတစ်ဦးအား ဝိုင်းဝန်းရိုက်နှက်

15 Feb 2018     1,510 Views


မွန်ပြည်နယ် မုဒုံမြို့၊ မြို့မ(၄) ထိန်ူကုန်းရပ်ကွက်မှ ဆယ်အိမ်မှူး၏ ဇနီးနှင့် သမီးဖြစ်သူ နှစ်ဦးက အမျိုးသမီးကြီးတစ်ဦးအား အိမ်အထိလာရောက်ကာ ရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။


မွန်​ပြည်​နယ်​၊ မုဒုံမြို့၊ မြို့မ (၄) ထိန်​ကုန်းရပ်ကွက်​က ဆယ်​အိမ်​မှူး ဦးမြင့်စိုး၏ ဇနီးနဲ့ သမီးနှစ်​​ယောက်​က ကျွန်မရဲ့အဖွားဖြစ်​သူကို ဝိုင်းရိုက်​ကြတာပါ . .


(၁၁.၂.၂၀၁၈)ရက်နေ့ ည​နေ(၄)နာရီအချိန်​​လောက်​က အိမ်​မှာကျွန်​မအဖွားက အသိတစ်​​ယောက်​နဲ့ စကား​ပြော​နေတဲ့အချိန်​မှာ လာရောက် ဝိုင်းရိုက်သွားတာပါ . .
ဖြစ်စဉ်က  ဒေါ်လှလှဝင်း သမီးဖြစ်​သူ မသွယ်​သွယ်​ထွန်းနဲ့ မဖူးဖူးတို့ သုံး​ယောက်​က အိမ်ရှေ့ကိုလာကြပြီး ကျွန်​မအဖွား ဒေါ်ခင်သိန်း အိမ်​ထဲမှာ​နေတာကို အပြင်​က​နေ ဆဲပါတယ်​ ၊ အဖွားပြန်​​ပြော​တော့ အိမ်​ကိုခဲနဲ့ပစ်​ပါတယ်​ ခဲ့နဲ့ပစ်​​တော့ အဖွားက အပြင်​ထွက်​ပြီး မေးတယ်​ ဘာ​ကြောင့် လုပ်​တာလဲလို့ အဖွားကိုရိုက်​ချင်​လို့​ပြောပြီးတော့ ဝင်​ရိုက်​သွားကြတာဖြစ်ပါတယ် . . .


မုဒုံရဲစခန်းကို​ သွား​ရောက်​တိုင်​ကြား​တော့လည်း ဒဏ်​ရာမရှိတဲ့အတွက်​ ရဲနဲ့မပတ်သက်ဘူးပြောလို့ တရားရုံးကို သွား​ရောက်​တိုင်​ကြားထားရပါတယ်။
သို့ပါ၍ ရုံးချိန်းရက်များအတွက် မတတ်နိုင်သော လူဆင်းရဲများအား နာကျင်စေရန် အရှက်ရစေရန် ပြုမူခဲ့သော ဒေါ်လှလှဝင်းနှင့် သမီးနှစ်ဦးတို့အား မုံဒုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမှ အမြန်ဆုံး ကွင်းဆင်းစစ်ဆေး အရေးယူပေးစေလိုကြောင်း ကျိုက်မရော/မုဒုံ သတင်းစုံမှတဆင့် တိုင်းကြားအပ်ပါသည်။
 


15 Feb 2018     1,510 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS