BEC-TERO TV

ကျောက်ကပ်မှာကျောက်တည်ခြင်းက ကျောက်ကပ်ရောဂါကိုတင်မဟုတ်ပဲ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုပါဖြစ်စေနိုင်

15 Feb 2018     1,761 Views


ကျောက်ကပ်မှာ ကျောက် တည်တာက နာတာရှည်ကျောက်ကပ် ရောဂါကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ တော်တော်များများသိပြီးဖြစ်မယ်ထင်ပါတယ်။လေ့လာမှုအသစ်တစ်ရပ်အရတော့ ကျောက်ကပ်မှာ ကျောက်တည်တာက ကျောက်ကပ်ရောဂါကိုတင်ဖြစ်စေနိုင်တာ မဟုတ်ဘဲ နှလုံးရောဂါနဲ့ လေဖြတ်တာကို ပါဖြစ်စေနိုင်တယ်ဆို်ပါတယ်။
 
လေ့လာမှုရလဒ်အရ ကျောက်ကပ်မှာ ကျောက်တည်နေတဲ့ဝေဒနာရှင်တွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေက ၁၉ ရာခိုင်နှုန်း ပိုများနေပြီး လေဖြတ်နိုင်ခြေက ၄၀ ရာခိုင် နှုန်းပိုများနေတယ်လို့ သိရပါတယ်။
 
ကျောက်ကပ်မှာကျောက်တည်တာ က ကျောက်ကပ်မှာ ခန္ဓာကိုယ်က စွန့် ထုတ်လိုက်တဲ့ ချေဖျက်ဖို့ခက်ခဲတဲ့ ဓာတုပစ္စည်းတွေ စုမိတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တဲ့ ဓာတုပစ္စည်းတွေက ဆီး အဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို ထွက်ရှိသွားကြတာပါ။ ပြင်ပကို စွန့်ထုတ်နိုင်လောက် အောင် ရေဓာတ်ပမာဏ အလုံအလောက် မရှိတဲ့အခါ ကျောက်ကပ်မှာ ကျောက် တည်တာဖြစ်လာရတာဖြစ်ပါတယ်။
 
 
ကျောက်ကပ်မှာကျောက်တည်တဲ့အ ခါ ကျောက်က သေးနေရင် ဆီးထဲကနေ တစ်ဆင့် အပြင်ကိုထွက်လာတာမျိုးရှိပေမဲ့ ကျောက်ကကြီးနေခဲ့ရင် ဆီးလမ်းကြောင်းမှာ ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်။ သည် လိုဖြစ်တဲ့အခါ ဆီးသွားရင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။
 
အမေရိကန်နိုင်ငံ  အမျိုးသားကျောက် ကပ်ဖောင်ဒေးရှင်းရဲ့ လေ့လာမှုအရ ကျောက်ကပ်မှ ကျောက်တည်တာက ဆီး ချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးတာတွေကို ခံစားရနိုင်ခြေတိုးစေနိုင်တယ် ဆိုပါတယ်။
 
တရုတ်နိုင်ငံ Guangxi  ဆေးတက္က သိုလ် First Affiliated ဓာတ်ခွဲစမ်းသပ်မှုဌာန Yanqiong Liu ဦးဆောင် တဲ့လေ့လာမှုအရ ကျောက်ကပ်မှာ ကျောက်တည်နေတဲ့သူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါခံစားရနိုင်ခြေနဲ့ လေ ဖြတ်နိုင်ခြေတို့ ပိုများနေတယ်လို့ တွေ့ရှိ ခဲ့ရပါတယ်။
 
 
ကျောက်ကပ်ကျောက်တည်နေတဲ့အမျိုး သမီးတွေမှာ အမျိုးသားတွေထက် နှလုံးသွေးကြောကျဉ်းရောဂါခံစားရနိုင်ခြေ ပို များနေလေ့လာမှုအတွင်း ကျောက်ကပ်မှာ ကျောက်တည်နေတဲ့လူနာ ၅၀,ဝဝဝ အပါ အဝင် လူအယောက် ၃့၅ သန်းကို လေ့ လာခဲ့ပါတယ်။လေ့လာမှုအတွင်း ကျောက်ကပ်မှာ ကျောက်တည်နေတဲ့သူတွေက အခြားသူတွေထက် နှလုံးသွေးကြောကျဉ်းရော ဂါခံစားရနိုင်ခြေ ၁၉ ရာခိုင်နှုန်းပိုများနေ သလို ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေ လည်း ပိုများနေပါတယ်။ ဒါတင်မကသေး ပါဘူး။ လေဖြတ်ခံရနိုင်ခြေကလည်း ပုံမှန် ထက် ၄၀ ရာခိုင်နှုန်းလောက်ပိုများနေ တယ်လို့ တွေ့ရှိခဲ့ရပါသေးတယ်။
 
သုတေသီတွေက ကျောက်ကပ် ကျောက်တည်တဲ့အမျိုးသမီးတွေက ကျောက်ကပ်ကျောက်တည်နေတဲ့ အမျိုးသားတွေထက် အထက်ပါရောဂါတွေ ခံစားရနိုင်ခြေတော်တော်လေးများနေတယ် လို့လည်း တွေ့ရှိခဲ့ပါသေးတယ်။ ဘာ ကြောင့် သည်လိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သေသေချာချာ မသိရသေးပါဘူး။အခုလေ့လာတွေ့ရှိချက်တွေကို အသေအချာအတည်ပြုနိုင်ဖို့အတွက် နောက် ထပ်လေ့လာမှုတွေလုပ်ဆောင်ဖို့တော့ လို အပ်မယ်လို့ သုတေသီတွေက ဆိုပါတယ်။
 
(ပိုပိုလေး)

15 Feb 2018     1,761 Views




RELATED

Most Popular of Health Fix

Most Popular of Life Style