BEC-TERO TV

သဘာဝကြီးကပေးထားတဲ့နှလုံးအတွက် အကောင်းဆုံးဆေး

16 Feb 2018     1,499 Views


လူတွေသတိမထားမိကြတာတစ်ခုရှိပါတယ်။အဲဒါကတော့သဘာဝကြီးကလူတွေကိုလက်ဆောင်ပေးထားတာတွေရှိတယ်ဆိုတာပါပဲ။လူ့ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါတွေနဲ့သဘာဝအသီးအရွက်တွေနဲ့တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။ဆက်စပ်မှုရှိတဲ့အင်္ဂါတွေနဲ့အသီးရွက်တွေဟာလည်းတစ်ထပ်ထည်းကျလောက်အောင်ကိုပုံစံတူကြပါတယ်။
 
ခရမ်းချဉ်သီးကိုကြည့်လိုက်ပါ။ဘာနဲ့တူပါသလဲ။လူ့နှလုံးသားနဲ့တစ်ထပ်ထည်းကျအောင်ကိုတူပါတယ်။လူ့နှလုံးမှာအခန်း၄ခန်းပါတယ်၊သွေးကြောမျှင်လေးတွေပါတယ်၊သွေးတွေအများကြီးရှိတယ်၊လုံးဝိုင်းတယ်၊နီနီရဲရဲကြီး။ခရမ်းချဉ်သီးကလည်းနှလုံးလိုပဲအခန်း၄ခန်းပါတယ်၊သွေးကြောမျှင်လေးတွေပါတယ်၊အရည်ရွှမ်းတယ်၊လုံးဝိုင်းတယ်၊နီနီရဲရဲကြီး။
 
 
အသီးတွေမှာလူ့ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ပစ္စည်းတွေအများကြီးပါတယ်။အင်တီအောက်ဆီ့ဒင့်၊ဖိုက်တိုကယ်မီကယ်၊အင်ဇိုင်း၊ဗီတာမင်၊သတ္တုဓာတ်၊လိုင်ဆင်းစသည်ဖြင့်အများကြီးပါပဲ။ခရမ်းချဉ်သီးကိုစားပေးခြင်းဖြင့်လူ့နှလုံးကိုအင်မတန်ကောင်းစေပါတယ်။သွေးအားမကောင်းခြင်း၊နှလုံးအဆီဖုံးခြင်း၊နှလုံးပတ်သွေးကြောပိတ်ဆို့ခြင်း၊နှလုံးကြွက်သားပုပ်ခြင်း၊နှလုံးခုန်နှေးခြင်း၊နှလုံးစည်းချက်မမှန်ခြင်း၊ရုတ်တရက်နှလုံးရပ်ပြီးသေဆုံးခြင်းအစရှိတဲ့နှလုံးရောဂါအမျိုးမျိုးမဖြစ်အောင်နေ့စဉ်နေ့တိုင်းခရမ်းချဉ်သီးတစ်လုံးစားပေးပါ။နှလုံးဟာသက်တမ်းစေ့တဲ့အထိကောင်းနေနိုင်ပါလိမ့်မယ်။
 
 
ယခုအခါမှာလူတွေနှလုံးရောဂါဖြစ်ကြတာအများကြီးပဲ။နှလုံးရောဂါနဲ့သေဆုံးကြတဲ့လူတွေလည်းအများဆုံးပဲ။ဒါကြောင့်မိမိကိုယ်ကိုချစ်ရင်၄င်း၊မိမိချစ််ခင်တဲ့မိဘလူကြီးတွေနှလုံးရောဂါနဲ့ကင်းဝေးပြီးအသက်ရှည်ကျန်းမာစေရန်၄င်းနေ့စဉ််ခရမ်းချဉ်သီးတစ်လုံးစားပေးပါ။ခရမ်းချဉ်သီးစားတဲ့အခါမှာအထဲကအစေ့တွေကိုတော့ထုတ်ပစ်လိုက်ပါ။အစေ့တွေကသွေးထဲမှာယူရစ်အက်စစ်ကိုတက်စေလို့ပါ။
 
အရသာရှိရှိစားချင်ရင်တော့ခရမ်းချဉ်သီးဆော့စ်နဲ့ တွဲစားပါ။ခရမ်းချဉ်သီးကိုအမြဲတန်းစားကြတဲ့လူတွေဟာနှလုံးကောင်းရုံမကအသားရေလည်းစိုပြည်ပြီးနုပျိုလှပကြပါတယ်။အိုသူကိုပင်ပျိုစေတဲ့အာနိသင်တွေဟာခရမ်းချဉ်သီးမှာရှိနေပါတယ်။ဒါကြောင့်လူကြီးလူငယ််လူရွယ်အားလုံးခရမ်းချဉ်သီးနေ့စဉ်စားပြီးအလှတိုးနိုင်ကြပါတယ်။ဒါတွေဟာသဘာဝကြီးကလူသားတွေအတွက်ပေးထားတဲ့အကောင်းဆုံးလက်ဆောင်တွေပဲဖြစ်ပါတယ်။
 
 
Credit to >>> Sayar Min Kyaw Win

16 Feb 2018     1,499 Views




RELATED

Most Popular of Health Fix

Most Popular of Life Style