BEC-TERO TV

အရည်အချင်းအရှိဆုံးအမေရိကန်သမ္မတစာရင်းတွင် ထရမ့်က နောက်ဆုံးနေရာတွင်ရပ်တည်

20 Feb 2018     1,310 Views


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကို သမ္မတများနေ့အဖြစ် အမေရိကန်နိုင်ငံတွင် သတ်မှတ်ထားကာ ထိုနေ့သည် အများပြည်သူအားလပ်ရက် တစ်ရက်လည်းဖြစ်ပါတယ်။ သမ္မတများနေ့ မတိုင်မီ နိုင်ငံရေးပညာရှင်ပေါင်း ၁၇၀ ကျော်ပါဝင်သည့် နိုင်ငံရေးသိပ္ပံအဖွဲ့အစည်းကြီးက အမေရိကန်သမ္မတများ၏ စွမ်းဆောင်နိုင်သော အရည်အချင်း လေ့လာဆန်းစစ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းတွင် လက်ရှိအမေရိကန်သမ္မတ ​ဒေါ်နယ်ထရမ့်က အဆင့် (၄၄)နေရာဖြင့် နောက်ဆုံးတွင် ရှိနေကြောင်း ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်တွင် ဘားရက်အိုဘားမားက အစပိုင်း၌ နံပါတ် ၁၄ နေရာရှိနေခဲ့ရာမှ နောက်ပိုင်းတွင် နံပါတ် ၈ နေရာထိ တက်လှမ်းနိုင်ခဲ့ပြီး ရော်နယ်ရေဂင်၏ ရှေ့နားလေးမှာရှိနေခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ အရည်အချင်းရှိသော သမ္မတများစာရင်းတွင် အဆင့်တက်လာစေရန် ကြိုးစားဖို့အချိန်ရှိနေသေးပြီး သမ္မတအတော်များများလည်း ဒီလိုကြိုးစားပြီး အဆင့်တက်လာအောင် ပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်နယ်ထရမ့်ရဲ့ အဆင့်က အမေရိကန်ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့ခဲ့တဲ့ သမ္မတ ဂျိမ်းစ်ဘူချန်နန်၊ မကောင်းသတင်းတွေနဲ့ ကျော်ဇောခဲ့တဲ့ သမ္မတဝါရန်ဟာဒ်ဒီး၊ အန်ဒရူးဂျွန်ဆင်နဲ့ ရက်ပေါင်း ၃၁ ရက်သာ သမ္မတဖြစ်သွားခဲ့တဲ့ ဝီလီယမ် ဟန်နရီဟာရစ်ဆင် တို့ရဲ့ အောက်ဖက် နောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာက အတော်လေး အခြေအနေဆိုးစေပါတယ်။

ဒါကြောင့် ယခုနှစ် သမ္မတများနေ့ အားလပ်ရက်ကတော့ အမေရိကန်နိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ရက်တစ်ရက်မဟုတ်မှာတော့ သေချာပါတယ်။ သမ္မတများရဲ့ စွမ်းဆောင်ရည် စာရင်းကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။


20 Feb 2018     1,310 Views




RELATED

Most Popular of International News

Most Popular of NEWS