BEC-TERO TV

ရေသန့်ဗူးကောက်ရောင်းရတဲ့ မုဆိုးမရဲ့ ဆန္ဒကိုပါရမီဖြည့်ပေးခဲ့တဲ့ လူရွှင်တော်ဒိန်းဒေါင်

20 Feb 2018     1,473 Views


ရေသန့်ဗူးကောက်၊ ရေခဲချောင်းရောင်းပြီး အသက်မွေးနေရတဲ့ လှတောရွာသူ မုဆိုးမတစ်ဦးရဲ့ ဒါနပြုချင်တဲ့ ဆန္ဒအိမ်မက်ကို လူရွှင်တော်ဒိန်းဒေါင်က ပါရမီဖြည့်ကာ ကြီးကျယ်သည့် အလှူပွဲကြီးတစ်ခုဖြစ်အောင် ကူညီပေးခဲ့ပါတယ်။


မခိုင်(ခ)မရှယ်ခိုင်ဟာ လှတောရွာသူပီပီ စကားပြောကောင်းသူဖြစ်လို့ လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်မှာ အတန်အသင့် လူသိများသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူကို ရှင်ပြုပေးချင်ပေမယ့် အခက်အခဲလေးတွေရှိနေတဲ့ အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ လူရွှင်တော် ကိုဒိန်းဒေါင်က ဖတ်မိသွားပြီး မရှယ်ခိုင်ရဲ့ ဆန္ဒကို ပါရမီဖြည့်တဲ့အနေနဲ့ စည်စည်ကားကားနဲ့ ရှင်ပြုအလှူပွဲကြီးဖြစ်အောင် မတည်ပေးခဲ့ပြီး မရှယ်ခိုင်အတွက် ဟန်းဆက်တစ်လုံးပါ လက်ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။


လူရွှင်တော်ဒိန်းဒေါင်နဲ့အတူ ပါဝင်ကုသိုလ်ပြုကြတဲ့ စာရင်းများက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဒေါက်တာခေမာသီရိ (လှတော)မှ သင်္ကန်းပရိက္ခရာ
ဥယျာဉ်မကျောင်းဆရာတော်မှ သင်္ကန်းခြင်းနှင့်
၁ သောင်းကျပ်
နိုင်ငံကျော်ဟာသသရုပ်ဆောင် ကိုဒိန်းဒေါင်
မိသားစုမှ ၅ သိန်းကျပ်
သားစွမ်း မြန်မာဆိုင်းအဖွဲ့မှ ၁ သိန်းကျပ်
ဦးသန်း+ဒေါ်အေးသင် မိသားစု ရန်ကုန်မြို့
၂ သိန်းကျပ်
ဦးအောင်နိုင်မိုး+ဒေါ်နန်းအေးလွန်း
ကောင်းစံရွှေဆိုင် စိုင်းတောင်မြို့ ၁ သိန်းကျပ်
နိုင်ငံကျော် အဆိုတော် မိုးထက်မြင့် ၅ သောင်းကျပ်
ကိုဦး သာယာဝတီ ၂ သောင်းကျပ်
ပန်ပန် ခရမ်းချဉ်သီးပွဲရုံ မုံရွာ ၂ သောင်းကျပ်
ဒကာတစ်ဦး ကျိုက်မရော ၁၆၀၀၀ ကျပ်
ရွှေထိုက်စံ ငါးပိငါးခြောက်ရောင်းဝယ်ရေးမှ
၁ သောင်းကျပ်
မချယ်ရီမွန် စင်္ကာပူမှ ၅ သောင်းကျပ်
ကိုအောင်သူ+မအေးသန်း မူဆယ် ၃ သောင်းကျပ်
ကိုထွန်းထွန်းစိုး+မသက်ဝေ မူဆယ် ၃ သောင်းကျပ်
ဦးငယ်+ဒေါ်ဌေးရီ မူဆယ် ၃ သောင်းကျပ်
ဦးစိုးလှိုင်+ မသင်းသင်းဝါ မန္တလေး ၁ သောင်းကျပ်
ဦးခင်ကြီးမောင်+ဒေါ်ကြည်ချိန် ၁ သောင်းကျပ်
ကိုထွန်းနိုင်ဦး+မပြည့် ၁ သောင်းကျပ်


လှတောရွာသူ/ရွာသား ကုသိုလ်ရှင်များ
----------------------------
ဦးကိုလေး+ ဒေါ်ခင်မာသီ သား ဒေါက်တာနပိုလီယံ
သမီး မနှင်းမြတ်လှိုင် မိသားစု ဆန် ၁ ပိုင်း
ကိုနိုင်၂ထွန်း+မသန္တာဝေ ဆန် ၁ ပိုင်း
ကိုမင်းအောင်+မတင်လဲ့ ဆန် ၁ ပိုင်း
ဦးဝင်းအောင်+မမြင့်ဝင်း ဆန် ၁ ပိုင်း
ကိုတင်စိုး + မနုဝင်း ဆန် ၁ ပိုင်း
ဦးမြင့်အေး + ဒေါ်မြလေး ဆန် ၁ ပိုင်း
ကိုအောင်လွင်+မမာနွယ်ထူး ဆန် ၁ ပိုင်း
ကိုမျိုးညွှန့် + မတာ ဆန် ၁ တောင်း
ဒေါ်ညိမ်းခင် မိသားစု ဆီ ၁ ပုံး
ကိုတင်ဆွေ + မမိုးဦး ဆီ ၁ ပုံး
ဦးတင်အေး +ဒေါ်ခင်သောင်း ဆီ ၁ ပုံး
ကိုဇော်မင်း+မမာလာ ဆီ ၁ ပုံး
ဦးမန်းဌေး+ ဒေါ်ခင်ယု ဆီ ၁ ပုံး
ကိုမောင်ညွှန့်+မလဲ့ ဆီ ၁ ပုံး
ကိုဆွေဝင်း + မမာအေး ဆီ ၅ ပိဿာ
ကိုမောင်ဝေ+ မဝင်း မိသားစု အသံချဲ့စက်ကုသိုလ်
ကိုမင်းသူ+မချိုပြုံး ဓါတ်ပုံကင်မရာ
ဇင်မြင့်ကြူ အခမ်းအနားအလှဆင်
ဇော်ရဲဗိုလ် မဏ္ဍပ်ကုသိုလ်
ဦးမြင့်ဆန်း+ဒေါ်ဆန်းဌေး ထင်းထော်လာဂျီတစ်စည်း
ကိုဖိုးပြူး+မသင်း ဟင်းချိုမှုန့် ၃ ပိဿာ
ကိုမိုးမြင့်ဆွေ+မမြဦးမိသားစု သယ်ပို့ဆောင်ယာနဒါန
မနီလာစိုး ၊ မနွဲ့ ရေသန့်ကုသိုလ်
ကိုမောင်နိုင် + မမြင့်မြင့်မိုး ဟင်းချိုမှုန့် ၃ ထုပ်
မပန်းမမဝေ မလ္လိကာတန်ဆာကုသိုလ်
ဦးမြင့်သိန်း+ဒေါ်ဆင့် သမီး မဟန်သီဦး
ဖိတ်စာနှင့် ဆေးကုသိုလ်
ရွာသားများ ဝိုင်းဝန်းမဏ္ဍပ်ဆောက်ကုသိုလ်

Source - Chit Ko Gyi
 


20 Feb 2018     1,473 Views




RELATED

Most Popular of Special or Others

Most Popular of NEWS