BEC-TERO TV

ဘာသာစကား ၁၀၂ မျိုးဖြင့် ခြောက်နာရီကြာ သီချင်းသီဆိုခဲ့တဲ့ ၁၂ နှစ်သမီးလေး ကမ္ဘာ့စံချိန်သစ် နှစ်ခုတင်

21 Feb 2018     1,270 Views


ဒူဘိုင်းမှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် အိန္ဒိယမိန်းကလေးတစ်ဦးဟာ ဘာသာစကား ၁၀၂ မျိုးနဲ့ သီချင်းသီဆိုဖျော်ဖြေမှုကို ခြောက်နာရီကျော် ဆက်တိုက်သီဆိုနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်အသစ် နှစ်ခုကို တစ်ပြိုင်ထဲ ရရှိခဲ့ပါတယ်။

အသက် ၁၂ နှစ်အရွယ် Suchetha Satish ဟာ ဒူဘိုင်းမှာ နေထိုင်တဲ့ ၇ တန်းကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ဘာသာစကားပေါင်းမြောက်များစွာနဲ့ သီချင်းသီဆိုပြီး ကမ္ဘာ့စံချိန်တင်နိုင်ဖို့ကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးခန့်ကမှ စတင်ကြိုးစားအားထုတ်ခဲ့တာပါ။

သီချင်းဆိုဝါသနာရှင်တစ်ဦးဖြစ်တာကြောင့် ယခင်ကတည်းက တမီလ်၊ ဟိန္ဒူ၊ မလာယာလမ်၊ အင်္ဂလိပ် ဘာသာစကားတွေနဲ့ သီချင်းသီဆိုနေခဲ့သူဖြစ်ပါတယ်။
သူမက နိုင်ငံခြားဘာသာစကားတွေနဲ့ ပက်သက်ပြီးလည်း အထူးစိတ်ဝင်စားတာကြောင့် သူတတ်နိုင်သလောက် ထပ်မံလေ့လာပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်အောင် ကြိုးစားခဲ့တာပါ။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အလယ်မှာ ဘာသာစကား ၁၀၂ မျိုးနဲ့ ၆ နာရီ ၁၅ မိနစ်ကြာအောင် ဆက်တိုက်ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
သမီးပထမဦးဆုံး စဆိုတဲ့ နိုင်ငံခြားသီချင်းက ဂျပန်သီချင်းပါ၊ အဖေရဲ့ သူငယ်ချင်း ဂျပန်လူမျိုး အရေပြားအထူးကု ဒူဘိုင်းကိုလာလည်တုန်းက သူမဆိုနေတဲ့ ဂျပန်သီချင်းလေးကို သဘောကျလို့ လိုက်သင်ပြီး ဆိုခဲ့တာပါ” ဟု Suchetha က ဆိုပါတယ်။

သူမသီဆိုခဲ့တဲ့ ဘာသာစကားစာရင်းကတော့ ဖော်ပြပါအတိုင်းဖြစ်ပါတယ်။ မြန်မာဘာသာ မပါဝင်တာတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်..။

Maithili, Sanskrit, Afrikaans, Albanian, Assamese, Azerbaijani, Badaga, Balochi, Basque, Belarusian, Bengali, Bhojpuri, Bhutanese, Bulgarian, Cantonese, Croatian, Czech, Danish, Dhivehi, Dogri, Dutch, English, Estonian, Finnish, French, Garhwali, Georgian, German, Greek, Guarani, Gujarati, Haryanvi, Hebrew, Hungarian, Irish, Javanese, Kannada, Kashmiri, Kazakh, Khmer, Kinyarwanda, Kokborok, Konkani, Korean, Kyrgyz, Lithuanian, Macedonian, Malagasy, Malay, Maltese, Mandarin, Mongolian, Manipuri, Maori, Marathi, Nepali, Norwegian, Odia, Persian, Polish, Punjabi, Quechua, Rajasthani, Romanian, Russian, Serbian, Sindhi, Sinhalese, Slovak, Slovenian, Somali, Swahili, Swedish, Tagalog, Tajiki, Tamil, Thai, Tibetan, Tulu, Ukrainian, Urdu, Uzbek, Vietnamese, Welsh, Xhosa, Yakut, Yoruba, Zulu, Italian, Japanese, Icelandic, Kurdish, Madurese, Pashto, Latvian, Turkish, Armenian, Spanish, Portugese, Malayalam, Arabic, Hindi
 


21 Feb 2018     1,270 Views




RELATED

Most Popular of Special or Others

Most Popular of NEWS