BEC-TERO TV

အကြောသေသွားတဲ့ခင်ပွန်းကို ကွာရှင်းပြီး ခင်ပွန်းရဲ့သူငယ်ချင်းနဲ့ လက်ထပ်ကာ ခင်ပွန်းဟောင်းကို အတူပြန်လည်ပြုစု

21 Feb 2018     1,282 Views


သတင်းခေါင်းစဉ်ဖတ်လိုက်တာနဲ့ အတော်လေးနားရှုပ်သွားနိုင်ပါတယ်။ တစ်ကယ်လဲ အတော်ထူးဆန်းတဲ့ သုံးပွင့်ဆိုင် မေတ္တာဘွဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ အကြောသေသွားတဲ့ ခင်ပွန်းဖြစ်သူကို ကွာရှင်းပြီး ခင်ပွန်းသည်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ လက်ထပ်ခဲ့ပါတယ်၊ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက သူတို့အားလုံး တစ်အိမ်ထဲမှာပဲ အတူနေကြပြီး အကြောသေနေတဲ့ ခင်ပွန်းဟောင်းကို အတူတစ်ကွ ပြန်လည်ပြုစုကြတာဖြစ်ပါတယ်။

Xu Xihan ဆိုသူ အမျိုးသားဟာ ၂၀၀၂ ခုနှစ်က မိုင်းတွင်းမှာ အလုပ်လုပ်ရင်း မတော်တဆမှုဖြစ်ခဲ့တာကြောင့် အကြောသေရောဂါဖြစ်ခဲ့ပြီး အောက်ပိုင်းသေကာ အိပ်ယာထဲလဲနေခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ Xie Xiping ကပဲ ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ သူတို့နှစ်ဦးမှာ သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး Xu က သူ့မိန်းမကို ဒုက္ခမရောက်စေချင်တာကြောင့် သူ့ကိုထားသွားရင်ထားသွာပါစေလို့ စိတ်ထဲထားခဲ့ပါတယ်၊ ဒါ့အပြင် သူ့ကိုကွာရှင်းပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သစ်တစ်ခု တည်ထောင်ဖို့ ဇနီးသည်ကို မကြာခဏ တိုက်တွန်းခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဇနီးသည်က သူ့ကို ကွာရှင်းပြီး Xu ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း Liu ဆိုသူနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးကပဲ Xu ရဲ့ဝေယျာဝိစ္စတွေကို မညီးမညူပဲ အတူတစ်ကွ ပြုစုလုပ်ကိုင်ပေးကြပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ Liu အတွက် ကလေးတစ်ဦး ထပ်မံမွေးဖွားခဲ့ပြီး သူတို့မိသားစုအားလုံး တစ်မိုးအောက်မှာပဲ ပျော်ရွှင်စွာနေထိုင်ကြပါတယ်။


21 Feb 2018     1,282 Views




RELATED

Most Popular of Special or Others

Most Popular of NEWS