BEC-TERO TV

ခရီးသည်အမျိုးသမီးကို တက္ကစီမောင်းသမားက ဓားနဲ့မွှန်းကာ ဓါးပြတိုက်

21 Feb 2018     1,533 Views


ဖေဖော်ဝါရီ ၂၁ ရက် (ယနေ့) မနက် ၂ နာရီအချိန်ခန့်က ကားငှားစီ:လာသော အမျိုးသမီးတစ်ဦးကို တက္ကစီမောင်းသူက ဓားနဲ့မွှန်းကာ ထိုင်းဘတ် ၁၄,၀၀၀ (ကျပ်ခြောက်သိန်းခန့်) ကို ဓါးပြတိုက်သွားခဲ့သည်။

Thongprakai Suksrirat ဟု အမည်ရသော အမျိုးသမီးမှာ အလုပ်မှအိမ်ပြန်စဉ် နံနက် ၂ နာရီခန့်တွင် တက္ကစီငှားစီးခဲ့ပြီး သူမနေထိုင်ရာ ကွန်ဒိုတိုက်ခန်းနေရာသို့ မရောက်မီ လမ်းတွင် ကားကိုခဏရပ်ခိုင်းကာ ATM ငွေထုတ်စက်မှ ပိုက်ဆံထုတ်ယူခဲ့ပြီး ကားပေါ်ပြန်တက်ကာ ဆက်လက်မောင်နှင်စေခဲ့သည်။

တက္ကစီသမားက အနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ဆီးသွားလို၍ဟု အကြောင်းပြကာ ကားကိုလမ်း​ဘေးတွင် ရပ်ကာ ကားပေါ်မှ ဆင်းခဲ့ပြီးနောက် နောက်ခန်းအတွင်းသို့ဝင်ကာ သူမ၏ အိတ်ကိုလုယူခဲ့သဖြင့် သူမက ပြန်လည်ခုခံခဲ့ရာ တက္ကစီသမားက သူမ၏လက်ကို ဓားဖြင့်ပြန်လည်တွက်ခဲ့ပြီးနောက် ကားပေါ်မှ ဆောင့်ကန်ချကာ ပိုက်ဆံအိတ်ယူ၍ မောင်းပြေးသွားကြောင်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြာခဲ့သဖြင့် လုယက်မှုကျူးလွန်ခဲ့သူအား လိုက်လံရှာဖွေနေကြောင်း ဘန်ကောက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
 


21 Feb 2018     1,533 Views




RELATED

Most Popular of International News

Most Popular of NEWS